အခုနောက်ပိုင်းမှာ မီးအားပျက်တောက်မှုတွေ ဖြစ်လာတာနဲ့အမျှ phone battery တွေ laptop battery တွေကို ဘယ်လိုကြာရှည်ခံအောင် လုပ်ရမလဲဆိုတာလည်း စဉ်းစားစရာတစ်ခုဖြစ်လို့လာပါတယ်။ Phone တွေကိုတော့ power bank နဲ့ အလွယ်တကူ အားသွင်းနိုင်ပေမယ့် laptop တွေကိုတော့ power bank နဲ့ အားသွင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ပိုင်း အသစ်ထပ်ထွက်လာတဲ့ Laptop အချို့တွေကိုတော့ Powerbank နဲ့သွင်းနိုင်ပေမယ့် Laptop တွေကို အားသွင်းနိင်တဲ့ လုပ်ဆောင်ချက်ပါတဲ့ Powerbank အချို့နဲ့တော့ ရနိုင်ပါတယ်။
ဒါကြောင့် laptop မှာတော့ သွင်းထားတဲ့အားကို မြန်မြန်မကုန်အောင် အထောက်အကူဖြစ်စေမည့် နည်းလမ်းအချို့ကိုပဲ ဖော်ပြပေးလိုက်ပါတယ်။
- Power Mode ကို Adjust လုပ်ပေးပါ။ Power Mode slide ကို ဘယ်ဘက်သို့ရွှေ့ထားခြင်းအားဖြင့် Battery သက်တမ်းကို တိုးမြှင့်ထားနိုင်ပါတယ်။ Window 10/11 များတွင် Battery Saver အား On ထားပေးပါ။
- Screen Brightness အား တတ်နိုင်သမျှ လျှော့ချထားပေးပါ။ Computer Screen ကို Brightness အမြင့်ဆုံးထိတင်ထားပေးခြင်းသည် Battery Power အားပိုမိုသုံးစွဲစေတာကြောင့် သတိထားပေးဖို့လိုအပ်ပါတယ်။
- USB stick, Webcam, Mouse စတဲ့ Device တွေကိုလည်း မလိုအပ်လျှင် မသုံးပါနှင့်။ ဒီ Device တွေ အလုပ်လုပ်ဖို့အတွက် Motherboard ကနေ power ပေးထားရတဲ့အတွက် battery ကို ပိုပြီး မြန်မြန်ကုန်စေပါတယ်။
- Battery Usage များတဲ့ Background applications တွေကိုလည်း ပိတ်ထားပေးပါ။ ထိုသို့ ပြုလုပ်ရန်အတွက် Settings > Privacy > Background Apps သို့သွား၍ “Let apps run in the background” option အား Off အနေအထားသို့ ပြောင်းလဲပေးခြင်းအားဖြင့် Background apps များအားလုံးကို ပိတ်ထားနိုင်ပါသည်။
အထက်ပါအချက်များအတိုင်း လုပ်ဆောင်ပေးခြင်းအားဖြင့် Laptop Battery ကို ကြာရှည်ခံနိုင်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။
နည်းပညာဆိုင်ရာသတင်းဆောင်းပါးအတိုအထွာများ၊ Tutorial များကို ဖတ်ရှုဖို့အတွက် Myanmar End User ရဲ့ Facebook Page ကို Like and Follow လုပ်ထားနိုင်သလို MEU Youtube Channel ကိုလည်း Subscribe လုပ်ထားနိုင်ပါတယ်။
#MyanmarEndUser #Tech_Knowledge