ဘ၀ကို စိတ်ချမ်းသာစွာ နေထိုင်နည်း၏ နောက်ကွယ်က လျှို့ဝှက်ချက်များ

ဝင်ငွေများတဲ့လူတွေက အမြဲ စိတ်ချမ်းသာနေကြတယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ ကမ္ဘာပေါ်က အင်အားအကြီးဆုံးနဲ့ ကြွယ်၀အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကနိုင်ငံတောင် စစ်တမ်းများအရ နေထိုင်ဖို့ ပျော်ရွှင်ရန် အကောင်းဆုံး နိုင်ငံတွေထဲမှာ ထိပ်တန်းစာရင်း ဖြစ်မနေပါဘူး။ အကြောင်းရင်းကတော့ ငွေကြေးတစ်ခုတည်းက သင့်ရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုကို မဖန်တီးနိုင်လို့ပါပဲ။ သုတေသီများရဲ့ သုံးသပ်ချက်အရ သင့်မှာ အပေါင်းအသင်းများရင် သင် ပျော်ရွှင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ သုံးသပ်ကြပါတယ်။

ကာလီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ Emiliana Simon-Thomas ရဲ့ ပြောကြားချက်အရ လူတစ်ယောက်ကို စိတ်ချမ်းသာ ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ အကြောင်းအရာတွေက ကိုယ်ချင်းစာတရား၊ သနားကြင်နာမှု ​နှင့် လူတစ်ယောက်ကို ရင်းရင်းနှီးနှီး ခင်မင် ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ လူအယောက်ပေါင်းတစ်ရာကို “ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်က ဘာဖြစ်မလဲ” မေးခွန်းထုတ်ရင် အဖြေပေါင်း တစ်ရာကို ကြားရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လိို့လဲဆိုရင်တော့ လူတွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေက မတူညီတဲ့ အဖြေတွေ ပေးမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။

စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်မှာလည်း အမြဲစိတ်ချမ်းသာ ပျော်ရွှင်နေတာမျိုး မဟုတ်ပါဘူး။ အဓိက အကြောင်းအရင်းတွေကတော့ သင်ဘယ်လို အခြားလူတွေကို ဆက်ဆံလဲ၊ သင်အလေးထားတဲ့လူတွေကို အရင် ဦးစားပေးပြီး သင့်အတွက် အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေကို လျစ်လျူရှုတာမျိုးတွေ ဖြစ်ပါတယ်။ သင့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အရာမျိုးတွေကို သင်ကိုယ်တိုင်သိရှိပြီး ကျင့်ကြံလိုက်နာတာမျိုးတွေ ဖြစ်ပါတယ်။ ဝင်ငွေအလုံအလောက်မရှိတဲ့ လူတစ်ယောက်က ပျော်ရွှင်မှုဆိုတာကို ရဖို့ ခက်ခဲနေသလို ဝင်ငွေအမြောက်အများ ထပ်လိုချင်တဲ့ လူတစ်ယောက်ကလည်း ထို့နည်းတူ ဖြစ်နေတက်ပါတယ်။ လူအများပြောကြတဲ့ “ပိုက်ဆံက ပျော်ရွှင်မှုကို ဝယ်ယူနိုင်တယ်” ဆိုရဲ့ အဓိပ္ပါယ်က သင့်ကို ခဏတာ ဖျော်ဖြေပေးနိုင်မယ့် အရာနှင့် အသုံးအဆောင်တွေပဲ ဝယ်ပေးနိုင်မှာပါ။

စိတ်ချမ်းသာစွာနေထိုင်နည်းရဲ့ အဓိကသော့ချက်ကတော့ ခံနိုင်ရည်ရှိခြင်းပါပဲ။ ဘ၀မှာ ကြုံတွေ့ရမယ့် အခက်အခဲ အတားအဆီးတွေက ဘ၀လမ်းခရီးရဲ့ တစ်စိတ်တစ်ပိုင်းလို့ နားလည်သိရှိပြီး ရင်ဆိုင်ဖြေရှင်းတာကလည်း စိတ်ချမ်းသာစွာ နေထိုင်နည်းရဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ ကိုယ့်အပေါ်ချစ်ခင်ကြတဲ့ မိသားစု၊ သူငယ်ချင်းနှင့် မိတ်ဆွေအပေါင်းအသင်းတွေကို အချိန်များများပေးပြီး ချစ်ခင်ရင်းနှီးမှုတွေ တည်ဆောက်သွားတဲ့အခါမှာ သင်ကိုယ်တိုင် စိတ်ချမ်းသာစွာ ပျော်ရွှင်နေထိုင်နည်းရဲ့ အဓိပ္ပါယ်ကို တွေ့ရှိလာပါလိမ့်မည်။

Exit mobile version