Windows Update တွေဟာ Internet Connection ရှိလျှင် များသောအားဖြင့် Auto လုပ်ဆောင်လေ့ရှိကြပါတယ်။ ဒီနေရာမှာ ပြဿနာတစ်ခုက ဒီ File တွေက Space အမြောက်အများနေရာယူတတ်ပြီး သူတို့တွေကို ဘယ်လို Delete လုပ်ကြမလဲဆိုတာပါပဲ။ ဒါကြောင့် Windows Update File အဟောင်းတွေကို Delete လုပ်ဖို့ လွယ်ကူတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ရပါတယ်။
- ပထမဦးဆုံး Control Panel ကိုဖွင့်ပါ။
- Administrative Tool သို့သွားပါ။
- ထို့နောက် Disk Clean-up အား Double Click လုပ်၍ ဖွင့်ပါ။
- Clean up system files ဆိုသည့်နေရာအား Select လုပ်ပါ။
- Windows Update Clean-up ဆိုတဲ့ Checkbox နေရာတွင် အမှန်ခြစ် လုပ်ပေးပါ။
- Ok အား Click လုပ်၍ မလိုအပ်သော Windows file အဟောင်များအား Delete လုပ်နိုင်ပါပြီ။
#HowtodeleteOldWindowsUpdateFiles #MyanmarEndUser #Windows