Hologram အသုံးပြုနေသကဲ့သို့ အနီးစပ်ဆုံး ခံစားမှုပေးနိုင်မည့်​ Google 3D Video Calling

Google ရဲ့ နောက်ထပ်ထွက်ရှိလာမည့် project အသစ်ကတော့ Project Starline လို့ ခေါ်ပါတယ်။ သာမန် အသုံးပြုနေတဲ့ video calling ဆီက ခွဲထွက်ပြီး တစ်ဖက်နှင့် တစ်ဖက် အနီးစပ်ဆုံး ခံစားမှုမျိုးပေးနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် company meeting လုပ်တဲ့နေရာနှင့် အခြားနေရာမျိုးတွေမှာ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ Project Starline ကို Google က HP နှင့် ပါတနာလုပ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Concept ကို လွန်ခဲ့တဲ့နှစ်က မိတ်ဆက်ထားပေမယ့် မကြာခင် နှစ်အတွင်းမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

LED screen မျက်နှာပြင်အကြီးရဲ့ ဘေးပတ်ပတ်လည်မှာ ကင်မရာ ၇ လုံးတပ်ဆင်ထားပါတယ်။ ထို ကင်မရာတွေက တစ်ဖက်က လူရဲ့ပုံရိပ်ကို AI နည်းပညနှင့် ပေါင်းစည်းပြီး 3D ပုံစံဖြစ်အောင် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ထိုလူရဲ့ လှုပ်ရှားမှု၊ အသေးစိတ်ကျမှုတွေကို AI နည်းပညာနှင့် ပေါင်းစည်းပြီး 3D မြင်ရအောင် လုပ်ပေးမှာဖြစ်ပါတယ်။ ကိုယ့်အရှေ့မှာ တစ်ကယ်ရောက်နေသလို ခံစားမှုမျိုးကို ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုသူအနေနှင့် ဘယ်နေရာရှုထောင့်က ကြည့်ကြည့် မျက်လုံး level ကို ချိန်ညှိပေးမှာ ဖြစ်ပါတယ်။ ထို့အပြင် video call ပြုလုပ်နေချိန် lag ဖြစ်တာမျိုးကိုလည်း တွေ့ရမှာ မဟုတ်ပါဘူး။ အခြား body language function တွေကို အသုံးပြုနိုင်တဲ့အပြင် Google meet နှင့် Zoom မှာ သုံးနိုင်တဲ့ function တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလုပ် အင်တာဗျူးလုပ်ရာမှာလည်း​ လွန်စွာထိရောက်ပြီး ကောင်းမွန်တာကြောင့် လူကြိုက်များမယ့် Device တစ်ခု ဖြစ်လာနိုင်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ မြင်တွေ့ရမယ်လို့လည်း Google က ကြေငြာထားပါတယ်။

Exit mobile version