HBO Max က Ad-Free Subscriber များအတွက် 4K Steaming ကိုရပ်ဆိုင်း တော့မည်ဖြစ်ကြောင်း အသိပေး

HBO Max က Ad-Free Subscriber များအတွက် 4K Steaming ထုတ်လွှင့်ကြည့်ရှုမှုကို ဒီဇင်ဘာလ 5 ရက်နေ့နောက်ပိုင်း မှာအကျိုးခံစားခွင့်ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ May လအစပိုင်းလောက်မှာ Company က HBO Max ကို Max အဖြစ်ပြောင်းလိုက်ပြီးတဲ့ နောက် ၎င်းတို့ရဲ့ Subscriber Plan စည်းမျဉ်းတွေကို အနည်းငယ်ပြောင်းလဲမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စည်းမျဉ်းထဲမှာ Ad-Free Subscriber အတွက် 4K Steaming ထုတ်လွှင့်မှုကို ရပ်ဆိုင်းမှာ ဖြစ်ကြောင်း အသိပေးခဲ့ပြီး အဆိုပါ အကျိုးခံစားခွင့်ကို Ad-free plan မှာနောက်ထပ် ၆ လထပ်မံပြီး ပြသသင့်ကြောင်း Warner Bros. Discovery ကပြောကြားခဲ့ပါတယ်။

HBO Max က Ad-Free Subscriber များအတွက် 4K Steaming ကိုရပ်ဆိုင်း တော့မည်ဖြစ်ကြောင်း အသိပေး

Ad-Free Subscriber များအတွက် 4K Steaming ကို ဆက်လက်ရရှိတော့မှာ မဟုတ်ဘဲ 4K Steaming ကိုပြန်လည်ရရှိလိုပါက တစ်လ $19.99 ကျသင့်မှာ ဖြစ်တဲ့ Max ရဲ့ “Ultimate” Plan ကိုဝယ်ယူရမှာ ဖြစ်ပါတယ်။ Ad-free plan မှာ 4K Steaming မရရှိတော့ပေမယ့် ဒေါင်းလုဒ် Function ကိုတော့ ဖွင့်ထားပေးမှာဖြစ်ပါတယ်။ ဆိုလိုတာက Offline moode မှာ Downloads လုပ်ပြီးသား ဇာတ်ကားများကို ပြန်လည်ကြည့်ရှုလို့ ရမှာ ဖြစ်ပါတယ်။

Exit mobile version