Havard ပညာရှင်ပြောပြတဲ့ ပျော်ရွှင်မှုကို ဝယ်ယူခြင်း

“Money can’t buy Happiness!” စကားကို လူတိုင်းကြားဖူးကြပါမယ်။ ဒါပေမယ့် အချို့လူတွေကတော့ ဝယ်ယူလို့ရတယ်ဆိုတာကို ပြသပါတယ်။ ဥပမာ ကိုယ်ကြိုက်တဲ့အရာတွေကို လိုက်လုပ်ပြီး ဝန်ဆောင်မှုတွေကို ငွေသားနှင့်ပေးချေတာမျိုးပါ။ တစ်ကယ့်လက်တွေ့မှာတော့ ထိုပျော်ရွှင်မှုတွေက အချိန်အတိုအတွင်းမှာ ကုန်ဆုံးသွားတာကြောင့် တစ်ကယ့်ပျော်ရွှင်မှုကို မရပါဘူး။

ပျော်ရွှင်မှုကို ဘယ်လိုဝယ်ရမလဲဆိုတဲ့ စာအုပ်ကိုရေးသားသူ Brooks ပြောကြားချက်အရ လူတွေက ဝင်ငွေနည်းတဲ့လူတွေအတွက် ပိုက်ဆံပိုရတဲ့အခါ စိတ်ပျော်ရွှင်ကြတယ်။ ဘီလီယံနာဖြစ်သွားတဲ့အခါ ပျော်ရွှင်တဲ့အတိုင်းအတာကလည်း မပိုပါဘူး။ အတူတူပဲဆိုတာ ပြောကြားခဲ့ပါတယ်။ မည်သည့်ဝင်ငွေရသည်ဖြစ်စေ၊ သင့်ကိုယ်သင်ပျော်ရွှင်အောင် ဖန်တီးနိုင်တယ်ဆိုတာ ပြောကြားခဲ့ပါတယ်။ အခုဖော်ပြမယ့် နည်းသုံးနည်းနှင့် လူတိုင်းပျော်ရွှင်မှုကို ဖန်တီးနိုင်ပါတယ်။

၁။ သင့်အတွေ့အကြုံတွေအတွက် ပိုက်ဆံကိုသုံးပါ

Havard ပညာရှင်ပြောပြတဲ့ ပျော်ရွှင်မှုကို ဝယ်ယူခြင်း 1

သင့်ကိုပျော်ရွှင်ပေးနိုင်အောင်လုပ်မယ့် မည်သည့်အရာမဆို ပိုက်ဆံသုံးပါ။ ဥပမာ သင်ကြိုက်တဲ့ Show ပွဲ၊ ပန်းချီပြပွဲ၊ (သို့) သွားချင်နေတဲ့နေရာကို ခရီးထွက်ခြင်းတို့ ဖြစ်ပါတယ်။

၂။ အချိန်ကို ဝယ်ယူပါ

လူတိုင်းမှာ အချိန်ဆိုတာ ကန့်သတ်မှုရှိပါတယ်။ အဖိုးတန်တဲ့အချိန်တွေကို ကောင်းကောင်းအသုံးချပါ။ ဥပမာ သင့်ခြံထဲက မြက်တွေကို ထိုင်ရိတ်နေမယ့်အစား ရိတ်နိုင်မယ့် လူတစ်ယောက်ကို ငှားရမ်းပြီး သင်လုပ်ချင်တဲ့အရာကို သင်ချစ်တဲ့သူတွေနှင့် လုပ်ပါ။ ထို့အပြင် Social Media မှာ အချိန်ဖြုန်းနေတာမျိုးတွေ မလုပ်သင့်ပါ။

Havard ပညာရှင်ပြောပြတဲ့ ပျော်ရွှင်မှုကို ဝယ်ယူခြင်း 2

၃။ ကူညီပါ

မရှိတဲ့ လိုအပ်တဲ့လူတွေကို သင်ကူညီပါ။ ငွေကြေးအရ ထောက်ပံ့တာမျိုးတွေ လုပ်ပါ။ အမှန်တကယ်လိုအပ်တဲ့လူတွေက သင့်အကူအညီရသွားပြီး အဆင်ပြေသွားတာမျိုးကို သင်တွေ့တဲ့အခါ သင်ကိုယ်တိုင် ပျော်ရွှင်မှုကို ရရှိမှာပါ။

အဓိကကတော့ အတွေ့အကြုံကို ပိုက်ဆံနှင့် ဝယ်ယူတာပါ။ ဒီအတွေ့အကြုံကို သင်ချစ်ရတဲ့လူတွေနှင့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဥပမာ ခရီးအတူတူထွက်တာမျိုး၊ ညစာအတူထွက်စားတာမျိုး (သို့) သင်ကြိုက်တဲ့အရာမျိုးကို အတူတူလုပ်ဖို့ပဲ လိုအပ်ပါတယ်။ ဒီအရာတွေလုပ်ဖို့အတွက် ငွေကြေးလည်းအများကြီး ရှိစရာမလိုပဲ အလွယ်တကူ လူတိုင်း ဖန်တီးနိုင်ပါတယ်။

Exit mobile version