ဟင်းချက်ရာမှာ အထောက်အကူပြုစေမယ့် Feature အသစ်ကို Google Search အတွက် စမ်းသပ်

Google ဟာ Quick View လို့ ခေါ်တဲ့ Features အသစ်ကို Google Search မှာ ထည့်သွင်းဖို့ စမ်းသပ်နေကြောင်း ပြောပြလိုက်တာ ဖြစ်ပါတယ်။

Quick View ဟာ အဓိကအားဖြင့် ဟင်းချက်သူများအတွက် အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။ ဥပမာ – ချောကလက် ကွတ်ကီး ပြုလုပ်နည်းကို Google Search မှာ ရှာလိုက်ပါက ချောကလက် ကွတ်ကီးပုံရဲ့ ဘေးမှာ Quick View ဆိုတဲ့ ခလုပ်တစ်ခုကို မြင်ရမှာ ဖြစ်ပြီး ၎င်း ခလုပ်ကို နှိပ်လိုက်ပါက ချောကလက် ကွက်ကီးလုပ်ပြထားတဲ့ Blog တစ်ခုဆီ ခေါ်ဆောင်သွားမှာ ဖြစ်သလို ပါဝင်ပစ္စည်းနဲ့ အချိုးအစားတွေကိုပါ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Google ရဲ့ ပြောခွင့်ရှိသူ Brianna Duff က “ကျွန်တော််တို့ဟာ အသုံးပြုသူများကို အရည်အသွေးမြင့်ပြီး အကျိုးပြုမယ့် အချက်အလက်များကို ပေးစွမ်းနိုင်ရေးအတွက် နည်းလမ်းမျိုးစုံနဲ့ အမြဲကြိုးစားနေပါတယ်။ ကျွန်တော်တို့မှာ ကန့်သတ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိပြီး ၎င်းတို့နဲ့အတူ Search နဲ့ ပတ်သက်ပြီး အသုံးပြုသူများရဲ့ အတွေ့အကြုံ သာမက Web Ecosystem တစ်ခုလုံးကိုပါ မြင့်မားလာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ထွေထွေထူးထူး ကြေငြာစရာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

Quick View Feature ဟာ လက်ရှိ အချိန်မှာ စမ်းသပ်နေဆဲ ဖြစ်သော်လည်း ဒီ Project နဲ့ ပတ်သက်ကာ ထုတ်ပြောလာပြီ ဖြစ်တာကြောင့် သိပ်မကြာတော့တဲ့ အချိန်မှာ Google Search မှာ မြင်ရတော့မှာ ဖြစ်ပါတယ်။ ဒီ Feature ဟာ အသုံးဝင်တဲ့ Feature ဖြစ်ပေမယ့် AI နဲ့ အလုပ်လုပ်မှာ မဟုတ်တာကြောင့် အသုံးပြုသူ လိုချင်တဲ့ အချက်အလက် အတိအကျကို ပေးနိုင်ဖို့ရာ Google ဘက်မှ ဘယ်လိုမျိုး ပြင်ဆင်မှုတွေ ပြုလုပ်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version