Youtube မှာ Playable Game Feature ထည့်ဖို့ပြင်နေတဲ့ Google

Google က YouTube မှတစ်ဆင့် ဂိမ်းများကို ဝင်ရောက်ကစားနိုင်မယ့် “Playables” လို့ခေါ်တဲ့ Platform အသစ်တစ်ခုကို ထုတ်လုပ်ရန် စမ်းသပ်နေကြောင်း သိရှိရပါတယ်။ 2023 အစောပိုင်းလမှာ Google အရင် Gaming Platform ဖြစ်တဲ့ Stadia ကို ပိတ်သိမ်းရန် ကြေညာပြီးနောက် အခုလို Gaming Platform တစ်ခုကို ထုတ်လုပ်ရန်စမ်းသပ်နေတယ်လို့ သိရှိရပါတယ်။ Youtube App မှာပါဝင်လာမယ့် Playables တစ်ဆင့် ဂိမ်းများကို Mobile Device ဒါမှမဟုတ် Computer တို့မှာ တိုက်ရိုက်ဆော့နိုင်လို့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Playables ရဲ့ Function တွေက အရင် Gaming Platform ဖြစ်တဲ့ Stadia နဲ့ ပုံစံတူဘဲဖြစ်မှာလား ဒါမှမဟုတ် ပိုပြီးကောင်းတဲ့ Function တွေနဲ့ ထုတ်လုပ်မှာလားဆိုတာတော့ မသိရှိရသေးပါဘူး။

Google က YouTube မှတစ်ဆင့် ဂိမ်းများကို ဝင်ရောက်ကစားနိုင်မယ့် “Playables” လို့ခေါ်တဲ့ Platform အသစ်တစ်ခုကို ထုတ်လုပ်ရန် စမ်းသပ်နေကြောင်း သိရှိရ

Google က “Playables” ကို မစမ်းသပ်မှီ Peloton လိုမျိုး ပြင်ပကုမ္ပဏီများကို ကမ်းလှမ်းကာ Stadia ရဲ့နည်းပညာကို ပြန်လည်အသုံးပြုပြီး Cloud မှတစ်ဆင့် ဂိမ်းများကစားနိုင်ရန် စမ်းသပ်ခဲ့ပေမယ့် နောက်ပိုင်း အဆိုပါ Project ကို ပိတ်သိမ်းခဲ့တယ်လို့ သိရှိရပါတယ်။ Playables နဲ့ ပက်သက်ပြီး တိကျတဲ့ အသေးစိတ်အချက်အလက်များကို မသိရသေးပေမယ့် Google က YouTube Platform ကို ဂိမ်းများဆော့နိုင်မယ့် Feature များကိုထည့်သွင်းရန် အကောင်ထည်ဖော်နေတာကတော့ အသေချာပါဘဲ။ Playables ကို Stadia လိုမျိုး တူညီတဲ့နည်းပညာကိုဘဲ အသုံးပြုမှာလား ဒါမှမဟုတ် ပိုမိုကျယ်ပြန့်သော Gaming Function ထည့်သွင်းလာမှာလား ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Exit mobile version