Google Messages မှာ Magic Compose ကို စမ်းသပ်နေ

Google ဟာ AI ရဲ့ အကူအညီနဲ့ စာရေးပေးနိုင်မယ့် အကူ Features ဖြစ်တဲ့ Magic Compose ကို Google Messages မှာ စမ်းသပ်နေကြောင်း သိရပါတယ်။

Google Messages အတွက် Magic Compose Feature ကို RCS Beta မှာ လက်ရှိ စမ်းသပ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Google Messages မှာ ခဲတံပုံ Icon တစ်ခု တိုးလာမှာဖြစ်ပြီး ၎င်း Icon ကိုနှိပ်လိုက်ရင်တော့ Magic Compose ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Magic Compose Feature ဟာ AI နဲ့ အလုပ်လုပ်တာဖြစ်ပြီး ပို့ထားဖူးတဲ့ Message အဟောင်းတွေနဲ့ လိုက်ဖက်တဲ့ စာတွေကို အလိုအလျှောက် ဖော်ပြပေးမှာဖြစ်ပြီး ၎င်းစာတွေထဲမှ စိတ်ကြိုက်စာကို ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Google Messages မှာ Magic Compose ကို စမ်းသပ်နေ 1

Magic Compose ရဲ့ အားသာချက်ကတော့ စာရိုက်ရတဲ့ အချိန်ကို သက်သာစေမှာ ဖြစ်သလို ပိုမိုတိကျ ကောင်းမွန်တဲ့ စာတွေကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ US မှာတော့ RCS Beta တွင် Google Messages အတွက် Magic Compose Feature ကို အသုံးပြုခွင့် မပေးထားဘူးလို့ သိရပါတယ်။ Magic Compose Feature ဟာ Google Messages တစ်ခုထဲအတွက်မဟုတ်ပဲ အခြားသော Google ရဲ့ ဆက်သွယ်ရေး Apps တွေမှာပါ အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ စမ်းသပ်ဖို့အတွက် Beta Version ထွက်လာပြီဆိုတော့ မကြာမီမှာ အားလုံးအသုံးပြုနိုင်ဖို့ ထုတ်ပေးတော့မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Exit mobile version