Google I/O (2023) မှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့ First-Gen Pixel Tablet

Google က ၎င်းတို့ရဲ့ ပထမဆုံး မျိုးဆက်ဖြစ်တဲ့ Android-power သုံး Pixel Tablet ကို ဇွန်လ 20 ရက်နေ့မှာ စျေးကွက်ထဲသို့ရောက်ရှိ လာမှာဖြစ်တယ်လို့ Google I/O 2023 မှာ ကြေညာခဲ့ပါတယ်။ 8GB RAMနဲ့ လာမှာဖြစ်ပြီး စျေးနှုန်းကတော့ 128GB ကို 499$ နဲ့ရောင်းချမှာဖြစ်ပြီး, 256GB ကိုတော့ 599$ နဲ့ ရောင်းချမှာဖြစ်ပါတယ်။ Amazon နှင့် Google Official Store တွေမှာ Preorder တင်လို့ ရနေပါပြီး။

မကြာသေးမှီ ကမှမိတ်ဆက်ထားတဲ့ Pixel Fold နှင့် Pixel 7A အပါအဝင် Google ရဲ့ Pixel 7 ဖုန်းတွေမှာ ပါဝင်တဲ့ Powerful Tensor G2 Processor ကို Pixel Tablet မှာ ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။ High-Definition Video Calls System တွေ Blurry Image တွေကို High quality ဖြစ်အောင် အဆင့်မြှင့်တင်ပေးမယ့် System တွေပါရှိပါတယ်။ နောက်ပြီး Google TV နဲ့ Built-In Chromecast Functionality app တို့ကိုလဲ System Application အနေနဲ့ ပါရှိမှာဖြစ်ပါတယ်။ Android 13 Version နဲ့ ဘဲ လာမှာဖြစ်ပြီး ဒီနှစ်မကုန်ခင် Android 14 Version Upgrade ပေးမှာဖြစ်တယ်လို့လဲ Company ကပြောကြားထားပါတယ်။

Google Pixel Tablet Hands-On: The Android Tablet We’ve Been Waiting for. Video; CNET

Google Home app ဒါမှမဟုတ် “Hey Google” Voice Command နဲ့လဲ Google Smart Home Device များကို Command ပေးလို့ ရပါတယ်။ လောလောဆယ်တော့ Pixel Tablet နဲ့ ပတ်သက်နဲ့ အကြောင်းအရာကို ပြည့်ပြည့်စုံစုံ မသိရသေးပေမယ့် Full Review ကိုတော့ မကြာခင်သိရှိရမှာဖြစ်ပါတယ်။

Exit mobile version