Pixel 8 ထက် 0.3 မီလီမီတာ ပိုပြီးပါးသွားတဲ့ Google Pixel 9 Pro ရဲ့ Leak Design

Pixel 9 Pro ရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ ပေါက်ကြားသွားသော Design ကို OnLeaks နဲ့ MySmartPrice တို့က ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Leak Design ပုံအရ Pixel 9 Pro ရဲ့ ဘေးဘောင်တွေက အရင် Pixel serie တွေနဲ့ မတူတော့ဘဲ လေးထောင့်ကျကျ ပုံစံဖြစ်သွားတာ တွေ့ရပါတယ်။ iPhone 15 ပုံစံနဲ့တောင် နဲနဲတူနေပါသေးတယ်။ Power button နဲ့ Volume rocker တွေကတော့ ညာဘက်ခြမ်းပါဘဲပါရှိမှာဖြစ်ပါတယ်။

Google Pixel 9 Pro ရဲ့ First Leak Design

Leak Design မှာပြထားတဲ့ အတိုင်းဆို SIM card ထည့်တဲ့ နေရာက ဖုန်းရဲ့ အောက်ဘက် USB-C ပေါက်ရဲ့ ဘေးမှာထည့်ထားတာ တွေ့ရပြီး Speaker က တစ်လုံးဘဲပါတော့တာ တွေ့ရပါတယ်။ အနောက်ဘက် Camera Bar ကတော့ ပိုပြီးထူသွားတာ တွေ့ရပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မရှိပြီး Pixel 8 Pro ထက် inch panel သေးသွားတာဖြစ်ပါတယ်။ Google Pixel 9 Pro ရဲ့ ပထမဆုံး Leak Design ဖြစ်မို့ တကယ်ထွက်လာတဲ့ အခါ တော်တော်များများ လွဲနေအုံးမယ်လို့ ထင်ပါတယ်။ First Leak Design ရဲ့ တော်တော်များများကိုတော့ ကြိုက်ပေမယ့် Speaker တစ်လုံးဘဲပါတာထက် အရင်လို နှစ်ံခုပါရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်။

Exit mobile version