Google Bard ကို ဆယ်ကျော်သက် ကလေးများလည်း အသုံးပြုနိုင်ပြီ

Google ဟာ ဆယ်ကျော်သက် ကလေးများကို Google Bard အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် တစ်ကမ္ဘာလုံး အသုံးပြုနိုင်တာမဟုတ်ပဲ တချို့သော မြို့ကြီးများရှိ ဆယ်ကျော်သက် ကလေးများသာ စတင်အသုံးပြုခွင့် ပေးထားတာဖြစ်ပါတယ်။

Google ဟာ ဆယ်ကျော်သက် ကလေးများကို Bard AI Chatbot အသုံးပြုခွင့် ပေးလိုက်တယ်ဆိုပေမယ့် ကန့်သတ်ချက်တချို့တော့ ရှိနေပါသေးတယ်။ Bard AI Chatbot ကို အသုံးပြုချင်ရင် အနည်းဆုံး အသက် ၁၃ နှစ်နဲ့ အထက်ရှိရမှာ ဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသူများအတွက် တချို့သော မေးခွန်းများကို မေးမြန်းခွင့် ပိတ်ထားမှာဖြစ်တဲ့အပြင် အင်္ဂလိပ်ဘာသာရပ်တစ်မျိုးတည်းကိုသာ အသုံးပြုခွင့် ပေးထားမယ်လို့လည်း သိရပါတယ်။

Google ဟာ Bard ကို ဆယ်ကျော်သက်ကလေးများအား အသုံးပြုခွင့်ပေးလိုက်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ Features အသစ်ကိုလည်း ထည့်သွင်းပေးခဲ့ပါသေးတယ်။ ၎င်း Feature အသစ်ကတော့ သင်္ချာပုဒ်စာများကို လွယ်ကူစွာရေးသားပြီး အဖြေရှာခိုင်းနိုင်ပြီ ဖြစ်သလို ပုဒ်စာကို ဓာတ်ပုံရိုက်ပြီးလည်း အဖြေရှာခိုင်းနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Charts ကစားခြင်းနဲ့ ပတ်သက်ကာ Bard ကို မေးမြန်းနိုင်ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ADVERTISEMENT
Exit mobile version