Google NotebookLM မှာ ‘Deep Research’ Tool အသစ်က သင့်ကိုယ်စား သုတေသနလုပ်ပေးတော့မည်

Google က သူ့ရဲ့ AI note-taking နဲ့ research assistant ဖြစ်တဲ့ NotebookLM ကို update အသစ်တစ်ခု ထုတ်ပေးလိုက်ပါပြီ။ ဒီ update မှာ အဓိကပါဝင်လာတာကတော့ ရှုပ်ထွေးတဲ့ research တွေကို အလွယ်တကူလုပ်နိုင်အောင် ကူညီပေးမယ့် “Deep Research” ဆိုတဲ့ tool အသစ်ပါပဲ။

ဒီ tool အသစ်က User တွေ အတွက် အလုပ်လုပ်ပေးမယ့် researcher တစ်ယောက်လိုပါပဲ။ သိချင်တဲ့ အကြောင်းအရာတစ်ခုကို မေးလိုက်တာနဲ့ သူက Research Plan တစ်ခုဆွဲ၊ သက်ဆိုင်ရာ website တွေ၊ စာတမ်းတွေကို လိုက်ရှာဖွေပြီး အချက်အလက်အပြည့်အစုံနဲ့ report တစ်ခုကို အလိုအလျောက် ရေးသားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် အချိန်ကုန်ခံပြီး website တွေတစ်ခုပြီးတစ်ခု လိုက်ရှာနေစရာ လိုတော့မှာ မဟုတ်ပါဘူး။

Google NotebookLM မှာ ‘Deep Research’ Tool အသစ် ကသင့်ကိုယ်စား သုတေသနလုပ်ပေးတော့မည်

ဒါ့အပြင် အခုဆိုရင် Google Sheets, Microsoft Word document တွေနဲ့ Google Drive ထဲက file တွေကို URL နဲ့ တိုက်ရိုက်ထည့်သွင်းပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီပြောင်းလဲမှုကြောင့် spreadsheet အကြီးကြီးတစ်ခုလုံးကို အကျဉ်းချုပ်ခိုင်းတာမျိုးတွေကို အလွယ်တကူ လုပ်ဆောင်နိုင်တော့မှာပါ။

Google က NotebookLM ကို Video တွေကနေ presentation လုပ်ပေးတာမျိုး၊ မိုဘိုင်း App တွေထုတ်ပေးတာမျိုးတွေနဲ့ အဆက်မပြတ် အဆင့်မြှင့်တင်နေတာပါ။ အခု “Deep Research” feature အသစ်ကတော့ NotebookLM ကို ရိုးရိုး note မှတ်တဲ့ app အဆင့်ကနေ တကယ့် research partner တစ်ယောက်လို ဖြစ်လာအောင် တွန်းတင်ပေးလိုက်တာပါပဲ။ ဒီ update အသစ်တွေကို ဒီအပတ်အတွင်း အားလုံးသုံးနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version