Google Messages ကို Web မှအသုံးပြုသူများအတွက် Direct Reply Feature ကို ထည့်သွင်း

Google Messages ကို Web မှတစ်ဆင့် အသုံးပြုသူများအတွက် Features အသစ်တွေကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုထည့်သွင်းပေးလိုက်တဲ့ Features တွေဟာ ဖုန်းတွေမှာ ရှိပြီးသားဖြစ်တဲ့ Direct Reply Feature နဲ့ RCS Chat Feature ပဲ ဖြစ်ပါတယ်။ Google Message ကို Web ကတစ်ဆင့် အသုံးပြုသူတွေဟာ တစ်ဖက်လူက ပို့လိုက်တဲ့စာကို ထောက်လိုက်ရင် Copy နဲ့ Delete လုပ်လို့ရမယ့် Feature နဲ့ Emoji ပေးလို့ရတဲ့ Feature တွေ သုံးလို့ရမယ့်အပြင် အခုတော့ Direct Reply လို့ခေါ်တဲ့ တိုက်ရိုက် စာပြန်လို့ရတဲ့ Feature ကိုပါ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

RCS Chat Feature ဆိုတာ တစ်ဖက်လူက စာပို့ဖို့ စာရိုက်နေတဲ့အချိန်မှာ စာရိုက်နေကြောင်းသိစေဖို့ အစက်လေး သုံးစက်ကို ပြနေတာမျိုး ဖြစ်ပါတယ်။ ဒီ Features တွေဟာ ဖုန်းမှာ ထည့်သွင်းပေးခဲ့တာ ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက ဖြစ်ပေမယ့် Web အတွက်တော့ အခုမှ စတင်ထည့်သွင်းပေးတာ ဖြစ်ပါတယ်။ ဒီ Features တွေဟာ Tablet တွေအတွက်တော့ မဟုတ်ခဲ့ပါဘူး။ Tablet တွေမှာတော့ အပေါ်ထောင့်မှာ တွေ့ရတဲ့ Start Chat ဆိုတဲ့ စာသားလေးကို ညာဘက်အောက်သို့ ရွှေ့ပေးလိုက်တာ တစ်ခုပဲ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။

Exit mobile version