မကြာသေးခင်ကပဲ Android နဲ့ Pixel Phone များအတွက် Google Messages မှာ “AI-Power Scam Detection” ဆိုတဲ့ Feature အသစ်ကို Google က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Detection Feature က SMS, MMS, RCS messages တွေကို တိုက်ရိုက်စစ်ဆေးပြီး သံသယရှိတဲ့ Scam Text တွေကို User တွေဆီ အသိပေးမှာ ဖြစ်ပါတယ်။

Google Messages ရဲ့ Scam Detection Feature က ဘယ်လို အလုပ်လုပ်လဲဆိုရင် AI က Scam ဖြစ်နိုင်တဲ့ Message တွေကို စစ်ဆေးပေးမှာဖြစ်ပြီး Scam လို့ သံသယရှိရင် User ကို Report & Block ဆိုပြီး Warning Message ပြပေးမှာ ဖြစ်ပါတယ်။ AI Message က Contacts မှာမရှိတဲ့ သူတွေနဲ့ Conversation Message တွေကိုပဲ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ Data တွေကိုလဲ On-Device မှာပဲ Process လုပ်မှာဖြစ်လို့ Privacy အတွက်လဲ စိုးရိမ်စရာ လိုမှာမဟုတ်ပါဘူး။ လောလောဆယ် ဒီ Feature ကို US, UK နဲ့ Canada တို့မှာ စတင်အသုံးပြုနိုင်ပြီး နောက်ထပ် နိုင်ငံတွေမှာလည်း မကြာခင် အသုံးပြုလို့ရမှာ ဖြစ်တယ်လို့ Google ကဆိုထားပါတယ်။ Scam Detection Feature ကို Default အနေနဲ့ ဖွင့်ထားမှာဖြစ်ပြီး မလိုချင်ရင် Settings ထဲမှာပိတ်နိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် Google က Pixel 9 အတွက် Multicamera streaming support ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ GoPro/Camera ဒါမှမဟုတ် Pixel Phone တစ်လုံး ကို Main Pixel Phone နဲ့ချိတ်ဆက်ပြီး မတူညီတဲ့ Camera ရှူတောင့်မျိုးစုံကနေ (YouTube, Facebook, Instagram, Snapchat, TikTok တို့မှာ) Live Streaming လုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Pixel Studio မှာလဲ AI-generated stickers & images ဆိုတဲ့ Feature အသစ်ကိုလဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။