Google Photo မှာ Magic Eraser feature ကို သုံးလို့ရပြီ

Google Pixel 6 နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Google ဖုန်းတွေမှာသာ သုံးလို့ရတဲ့ Magic Eraser feature ကို Google Photo အသုံးပြုတဲ့ Android ဖုန်းတွေအပြင် Iphone တွေမှာပါ ယခုအသုံးပြုလို့ရပြီဖြစ်ပါတယ်။

Magic Eraser feature ဆိုတာ သင့်ဓာတ်ပုံထဲမှာရှိတဲ့ မလိုချင်တဲ့ ဘယ်လိုအစိတ်အပိုင်းကိုမဆို အလွယ်တကူ ဖြတ်ပေးနိုင်မယ့် feature တစ်ခုပဲဖြစ်ပါတယ်။ Google ဟာ Magic Eraser feature အပြင် Camouflage function ကိုပါ ထပ်ပေါင်းထည့်ထားပါသေးတယ်။ Camouflage funtion ကတော့ ဓာတ်ပုံရဲ့ Background ကို ဝါးအောင်လုပ်ပေးတဲ့ function တစ်ခုပါပဲ။ ဒီ features တွေကို Google Photo သို့မဟုတ် Google One ကို အသုံးပြုတဲ့ ဘယ်ဖုန်းမှာမဆို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Google One (from google)

Google One ကို subscribe လုပ်ထားသူများကတော့ HDR effect ၊ collage editor styles တွေအပြင် Dynamic ၊ Color Pop ၊ Blur နဲ့ Color focus အစရှိတဲ့ features အလန်းတွေကိုပါ အသုံးပြုလို့ရမည့်အပြင် VPN service ကိုပါ ရရှိမှာဖြစ်ပါတယ်။ Google Pixel ဖုန်းတွေမှာတော့ အပိုကုန်ကျစရိတ်မရှိပဲ အပေါ်ကပြောပြထားတဲ့ features တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ VPN service ကိုတော့ Pixel 7 တစ်မျိုးထဲမှာသာ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version