Google Lens နဲ့ လူ့အရေပြား လက္ခဏာကို ကြည့်လို့ရပြီ

Google Lens ဟာ လူ့အရေပြားပေါ်ရှိ လက္ခဏာတွေကို အဖြေဖော်ထုတ်ပေးနိုင်ပြီဖြစ်ကြောင်း Google က ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Google ဟာ ပြီးခဲ့တဲ့ I/O ပွဲတုန်းက Google Bard နဲ့ Google Lens တို့ကို ပေါင်းစပ်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောထားတာနဲ့အညီ Google Lens ကို အဆင့်မြှင့်လိုက်တာ တွေ့ရပါတယ်။ ကျွန်တော်တို့ အရေပြားပေါ်မှာရှိနေတဲ့ အမည်မသိတဲ့ ရောဂါလက္ခဏာတွေကို Google Lens နဲ့ ဓာတ်ပုံရိုက်ပြီး ဘာရောဂါလဲဆိုတာကို ဆေးခန်း၊ ဆေးရုံသွားစရာမလိုပဲ အဖြေရှာနိုင်မှာ ဖြစ်သလို ကုသမယ့် နည်းလမ်းတွေကိုလည်း ရှာနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ဆေးရုံ၊ ဆေးခန်းသွားမလို့ အချိန်မပေးနိုင်တဲ့လူတွေ (သို့မဟုတ်) အရေပြားပေါ်က ရောဂါကို ပြဖို့ ရှက်တဲ့ လူတွေအတွက် အထောက်အကူတော့ ဖြစ်ပါလိမ့်မယ်။

Google ဟာ Google Bard နဲ့ Google Lens တို့ကို ပူးပေါင်းကာ အလုပ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး မကြာတော့တဲ့ အချိန်မှာ Google Bard မှာ ဓာတ်ပုံတွေကို Upload လုပ်ပြီး လိုချင်တာကို ရှာခိုင်းလို့ ရတော့မယ်လို့လည်း သိရပါတယ်။ အလုပ်လုပ်မယ့် ပုံကတော့ Google Bard မှာ ပုံတစ်ပုံကို Upload တင်လိုက်ရင် ပုံကို Google Lens က Scan လုပ်ပြီး ပုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Google Bard ဆီပြန်ပို့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Google ဟာ ပြီးခဲ့တဲ့ မေလတုန်းက Adobe နဲ့ Partner လုပ်လိုက်ပြီဖြစ်ကြောင်း ကြေငြာထားတာကြောင့် Adobe ရဲ့ အကူအညီနဲ့ Google Bard မှာ ပုံတွေနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်မှုတွေ လုပ်တော့မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

Exit mobile version