Google က Gemini ကို Launch လုပ်ကာ AI ခေတ်သစ်ကို စတင်လိုက်ပြီ

Google I/O ပွဲတွင် CEO Sundar Pichai က မိတ်ဆက်ပေးခဲ့တဲ့ Google ရဲ့ အနာဂတ် AI ဖြစ်တဲ့ Gemini ကို Launch လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

CEO Sundar Pichai နှင့် Google DeepMind CEO Demis Hassabis တို့ရဲ့ ဖော်ပြချက်အရ Google ဟာ Gemini ကို စတင် Public လုပ်လိုက်ပြီ ဖြစ်ကာ AI ခေတ်သစ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ Google ရဲ့ Gemini ဟာ တစ်မျိုးထဲမဟုတ်ပဲ Version (၃) မျိုးအနေနဲ့ ထွက်လာခဲ့တာဖြစ်ပြီး ၎င်း Project တစ်ခုလုံးကို AI-first လို့ နာမည်ပေးထားကာ ဆယ်စုနှစ် တစ်ခုကြာအောင် အချိန်ယူ တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

Gemini ရဲ့ Light Version လို့ ပြောနိုင်တဲ့ Gemini Nano ဟာ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်မှာ ဖြစ်သော်လည်း ၎င်းကို Offline အဖြစ် Android ဖုန်းတွေမှာ အသုံးပြုနိုင်ရန် ရည်ရွယ်ကာ ထုတ်လုပ်ထားပြီး လက်ရှိ Pixel 8 ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Gemini Pro ကို Bard ရဲ့ ကျောရိုးအနေနဲ့ အသုံးပြုသွားမှာ ဖြစ်ပြီး Google Generative AI Studio (သို့မဟုတ်) Google Cloud ရှိ Developer များနှင့် လုပ်ငန်းဖောက်သည်များဟာ ဒီဇင်ဘာ (၁၃) ရက်မှစလို့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ Gemini Ultra ကိုတော့ နောက်နှစ်ထဲမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Pichai ရဲ့ ရှင်းပြချက်အရ Gemini ကို Google ရဲ့ Search Engine မှာ အသုံးပြုသွားမှာ ဖြစ်သလို Google Chrome အစရှိတဲ့ Google ရဲ့ ထုတ်ကုန်တွေ အားလုံးမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်တာကြောင့် Google ရဲ့ အနာဂတ်ဖြစ်ကြောင်း သိရပါတယ်။ Gemini ကို လက်ရှိမှာ အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်းနဲ့သာ အသုံးပြုနိုင်အုံးမှာ ဖြစ်သော်လည်း နောက်ပိုင်းမှာတော့ ဘာသာစကားမျိုးစုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Gemini ဟာ ChatGPT ထက်လည်း သာလွန်နိုင်မှာ ဖြစ်ကြောင်း Pichai က ပြောထားတာကြောင့် တကယ်ပဲ ChatGPT ထက်ပိုကောင်းတဲ့ AI တစ်ခုဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version