Google Bard AI ဟာ ChatGPT ရဲ့ Data ကို ယူသုံးထားတယ်ဆိုပြီး Google AI အင်ဂျင်နီယာဟောင်းက တွက်ဆို

Google ရဲ့ Bard AI ကို ဖန်တီးစဥ်တုန်းက ChatGPT ရဲ့ Data တွေကို ယူသုံးကာ လေ့ကျင့်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဒီစွပ်စွဲချက်ဟာ Google ရဲ့ AI အင်ဂျင်နီယာဟောင်းဖြစ်သူ Jacob Devlin ဆီက ထွက်လာတာဖြစ်ပါတယ်။

Google ရဲ့ AI အင်ဂျင်နီယာဟောင်းဖြစ်သူ Jacob Devlin ဟာ အဆိုပါ စွပ်စွဲချက်ကို ထုတ်ဖော်ပြောဆိုပြီးနောက် သူနဲ့အတူ အခြား AI အင်ဂျင်နီယာတချို့ အလုပ်မှ ထွက်ခဲ့ကြပါတယ်။ Devlin ပြောထားတာတော့ CEO Sundar Pichai နှင့် ထိပ်တန်းအမှုဆောင်အရာရှိများဟာ Bard AI ကို စတင်ဖန်တီးတုန်းက ChatGPT ရဲ့ အချက်အလက်တွေကို ယူသုံးကာ တိတ်တဆိတ် လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။ ဒီလိုပြောဆိုပြီးနောက် Devlin နှင့် အင်ဂျင်နီယာတချို့ဟာ Google မှ အလုပ်ထွက်ကာ OpenAI မှာ ဆက်လက်အလုပ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ Google ကတော့ ဒီစွပ်စွဲချက်ကို မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုကိစ္စတွေဖြစ်သွားပြီး မကြာမှီမှာပဲ လူမှုကွန်ယှက်တွေပေါ်မှာ Bard AI က ဖြေကြားပေးတဲ့ အဖြေနဲ့ ChatGPT က ဖြေကြားပေးတဲ့ အဖြေတချို့ဟာ တူညီနေကြောင်းကို ဖော်ပြတဲ့ post တွေ ထွက်လာခဲ့ပါတယ်။ Bard AI ဟာလည်း ChatGPT ကိုမိတ်ဆက်ပြီးမကြာမှီမှာပဲ ချက်ချင်းဆိုသလို Google CEO က မိတ်ဆက်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရတာ ကျွန်တော်တို့ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ Bard AI ဟာ အမှန်တကယ်ပဲ ChatGPT ရဲ့ အချက်အလက်တွေကို ယူသုံးထားတာလာ? ဒါမှမဟုတ် Google ကပြောသလိုပဲ ဆင်တူနေတာလားဆိုတာ စဥ်းစားစရာ တစ်ခုပဲ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version