Google က အိုင်ဒီယာမျိုးစုံကို တစ်ပြိုင်နက်တည်း စဥ်းစားနိုင်တဲ့ Gemini Deep Think AI ကို မိတ်ဆက်

Google DeepMind က သူတို့ရဲ့ အစွမ်းထက်ဆုံး AI reasoning model အသစ်ဖြစ်တဲ့ Gemini 2.5 Deep Think ကို မိတ်ဆက်လိုက်ပါပြီ။ Deep Think AI ရဲ့ အလုပ်လုပ်ပုံကတော့ မေးခွန်းတစ်ခုကို AI တစ်ခုတည်းက စဉ်းစားတာမျိုးမဟုတ်ဘဲ၊ AI agents အများအပြားက အိုင်ဒီယာပေါင်းစုံကို တစ်ပြိုင်တည်း စဉ်းစားပြီး အကောင်းဆုံးအဖြေကို ရွေးထုတ်ပေးတဲ့ပုံစံ (multi-agent system) မျိုးဖြစ်ပါတယ်။

Google က Gemini 2.5 Deep Think ရဲ့ စွမ်းဆောင်ရည်ကို စံသတ်မှတ်ချက် (benchmark) မျိုးစုံနဲ့ ပြည့်စုံအောင် စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ကျင်းပခဲ့တဲ့ International Math Olympiad (IMO) မှာ သူတို့ရဲ့ 2.5 Deep Think ကို အသုံးပြုပြီး သင်္ချာအိုလံပစ်မှာ ရွှေတံဆိပ်ဆု ရယူခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး HLE နဲ့ LiveCodeBench 6 လိုမျိုး AI တွေရဲ့ အရည်အသွေးကို စစ်ဆေးတဲ့ ပြိုင်ပွဲတွေမှာလည်း Elon Musk ရဲ့ xAI (Grok 4) နဲ့ OpenAI (o3) တို့ရဲ့ AI model တွေကို အပြတ်အသတ် အနိုင်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Google က အိုင်ဒီယာမျိုးစုံကို တစ်ပြိုင်နက်တည်း စဥ်းစားနိုင်တဲ့ Gemini Deep Think AI ကို မိတ်ဆက်

Gemini 2.5 Deep Think ကို Google ရဲ့ တစ်လကို ဒေါ်လာ ၂၅၀ ပေးရတဲ့ Ultra subscription အသုံးပြုသူတွေ အတွက် Gemini app မှာ စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ ဒီလို multi-agent system တွေက AI တစ်ခုတည်းသုံးတာထက် ကွန်ပျူတာစွမ်းအင် (computational resources) အများကြီး ပိုသုံးရတဲ့အတွက် ကုန်ကျစရိတ်အရမ်းများပါတယ်။ ဒါကြောင့်လည်း Google နဲ့ xAI လို ကုမ္ပဏီတွေက သူတို့ရဲ့ ဈေးအကြီးဆုံး plan တွေမှာပဲ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

နောက်ပြီး ဒီလို multi-agent system ကို အသုံးပြုတာက Google တစ်ခုတည်းတော့ မဟုတ်ပဲ Elon Musk ရဲ့ xAI၊ OpenAI နဲ့ Anthropic တို့လို ထိပ်တန်း AI labs တွေအားလုံးကလည်း ဒီလမ်းကြောင်းပေါ်ကို ဦးတည်နေကြတာကို တွေ့ရပါတယ်။

Google ကတော့ လာမယ့် ရက်သတ္တပတ်တွေမှာ Gemini API ကနေတစ်ဆင့် developer တွေနဲ့ Enterprise တချို့ကို ဒီ AI ကို စမ်းသပ်သုံးစွဲခွင့်ပေးပြီး သူတို့ရဲ့ multi-agent system ကို ဘယ်လို ပိုကောင်းအောင်လုပ်မလဲဆိုတဲ့ feedback တွေ ရယူသွားဖို့ စီစဉ်နေပါတယ်။

ADVERTISEMENT
Exit mobile version