Alarm ပေးရင် အမြဲနောက်ကျတဲ့ Google Smart Pixel Watch ပြဿနာကို Google မှ Update ပေးပြီ

Google Smart Pixel Watch

Google ရဲ့ Smart Pixel Watch တွင် နှိုးစက်ပေးတဲ့ အခါ ၁၀မိနစ်နီးပါးလောက် နောက်ကျနေတဲ့ alarms system ကို Clock app update မှာ ပြန်လည် ပြင်ဆင်ထားကြောင်း  Google ရဲ့ပြောရဲဆိုခွင့်ရှိသူ Sofia Giovannello က ပြောကြားခဲ့ပါတယ်။

Alarms System နောက်ကျရခြင်း ရဲ့ အဓိက ပြသာနာက  Bedtime mode ဖွင့်ထားတာကြောင့်ဖြစ် နိုင်တယ်လို့လဲ ပြောခဲ့ပါတယ်။ Badtime mode က ဖွင့်ထားရင် ညအိပ်တဲ့ အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ရုတ်တရက် ဖုန်းလာတာတို့ notification ထမြည်တာတို့ ကိုမဖြစ် ရအောင် ကာကွယ်ပေးတဲ့ feature တစ်ခုဖြစ်ပါတယ်။ Bedtime mode On ထားတာကြောင့် Alarms သံမမြည်တာတို့ နောက်ကျတာတို့ ဖြစ်နိုင်တယ်လို့ Sofia Giovannello က 9to5Google တွင်ဖြေကြားခဲ့ပါတယ်။ နောက်ပြီး Alarms Syatem error ဖြစ်နေတာကို အသိပေး အကြောင်းကြားလို့လဲ ကျေးဇူးတင်ကြောင်း Google က User တွေကို ပြောကြားခဲ့ပါတယ်။

Exit mobile version