လူမျိုးတုံးသတ်ဖြတ်မှု နည်းပညာကို ကန့်ကွက်ကြောင်း ပြောခဲ့တဲ့ ဝန်ထမ်းအား Google က အလုပ်ထုတ်

Google ရဲ့ Cloud အင်ဂျင်နီယာ (ယခု အဟောင်း) တစ်ဦးဟာ နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ အစ္စရေး နည်းပညာဆိုင်ရာ ညီလာခံအတွင်း Google မှ အမှုဆောင်အရာရှိတစ်ဦးက Project အကြောင်း ပြောကြားနေစဥ် “လူမျိုးတုံးသတ်ဖြတ်မှုအတွက် နည်းပညာကို ကန့်ကွက်ကြောင်း” ထပြောခဲ့တာ ဖြစ်ပါတယ်။

Google ရဲ့ Cloud အင်ဂျင်နီယာဟောင်း ထပြီးကန့်ကွက်ခဲ့တဲ့ Project ဟာ Nimbus လို့ခေါ်ပြီး အစ္စရေးအစိုးရက Google နဲ့ Microsoft တို့စီမှ Cloud Service ကို ရယူဖို့အတွက် ၂၀၂၁ ခုနှစ်တုန်းက ဒေါ်လာ ၁.၂ ဘီလီယံနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ Project ဖြစ်ကြောင်း သိရပါတယ်။ Google Cloud အင်ဂျင်နီယာဟောင်း က ၎င်း Project ဟာ ပါလက်စတိုင်း လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမယ့် Project ဖြစ်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုအတွက် နည်းပညာကို ကန့်ကွက်ကြောင်းနဲ့ အသားအရောင်ခွဲခြားမှုဟာ တိမ်ကောမှုမရှိကြောင်းတို့ကို လူကြားထဲမှာ အော်ပြောခဲ့တာ ဖြစ်ပါတယ်။ ၎င်း အကြောင်းအရာနဲ့ ပတ်သက်ပြီး DawnNews English သတင်းဌာမှ တင်ထားတဲ့ YouTube Video ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Google Engineer Demands Gaza Ceasefire During Israel Managing Director’s Talk | Dawn News English

Google ရဲ့ ပြောခွင့်ရှိသူ Bailey Tomson က သူ့ရဲ့ လုပ်ရပ်ဟာ ဘယ်အရာအတွက်မှ မကောင်းကြောင်းနဲ့ Google ရဲ့ မူဝါဒကိုလည်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ရှင်းပြထားပါတယ်။ အဆိုပါ ကိစ္စပြီးသွားပြီးနောက် Cloud အင်ဂျင်နီယာကို Google က ချက်ချင်း အလုပ်ထုတ်ခဲ့ပါတယ်။

ADVERTISEMENT
Exit mobile version