Google Finance ကို AI နဲ့ အဆင့်မြှင့်တင်ဖို့ Google စတင်စမ်းသပ်

ငွေကြေးဆိုင်ရာ မေးခွန်းတွေကို AI က တိုက်ရိုက်ဖြေပေးတော့မှာ ဖြစ်တဲ့ Google Finance

Google က သူ့ရဲ့ ငွေကြေးဆိုင်ရာ သတင်း Platform ဖြစ်တဲ့ Google Finance ကို AI-powered feature တွေနဲ့ အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ US က သုံးစွဲသူတွေအနေနဲ့ ဒီ Feature အသစ်တွေကို စတင်သုံးစွဲခွင့်ရမှာပါ။ တကယ်လို့ AI နဲ့ အလုပ်လုပ်ရတာကို သိပ်မကြိုက်ဘူးဆိုရင်တော့ အရင် Design အဟောင်း(classic version) ကို ပြန်ပြောင်းသုံးနိုင်မယ့် Optin ကိုလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

ဒီ အဆင့်မြှင့်တင်မှုအသစ်မှာတော့ သုံးစွဲသူတွေက ငွေကြေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မေးမြန်းနိုင်ပြီး AI ကနေ အသေးစိတ်ကျတဲ့ အဖြေတွေကို ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ သုတေသနလုပ်ရမယ့် မေးခွန်းမျိုးတွေကိုတောင် AI ကို မေးမြန်းနိုင်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ အသုံးဝင်တဲ့ Website link တွေကိုပါ တစ်ခါတည်း ရရှိမှာပါ။

Google Finance မှာ ဘယ်လို Feature အသစ်တွေ ပါလာမလဲ?

  1. AI ကို တိုက်ရိုက်မေးခွန်းမေးနိုင်ပြီ: အရင်လို စတော့ရှယ်ယာတစ်ခုချင်းစီရဲ့ အချက်အလက်ကို လိုက်ရှာနေစရာမလိုတော့ပါဘူး။ ကိုယ်သိချင်တဲ့ ရှုပ်ထွေးတဲ့ မေးခွန်းတွေကို တစ်ခါတည်းမေးပြီး AI ဆီကနေ အသုံးဝင်တဲ့ သုံးသပ်ချက်တွေနဲ့ ထိုးထွင်းသိမြင်မှုအသစ်တွေကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
  2. ပိုမိုက်လာတဲ့ Charting Tools တွေ: အသစ်ပါဝင်လာတဲ့ Charting Tool တွေက ရိုးရိုး Asset performance လောက်ကိုပဲ ပြတာမဟုတ်တော့ဘဲ၊ ရှုပ်ထွေးတဲ့ Data တွေကို ပုံဖော်ကြည့်ရှုနိုင်အောင် ကူညီပေးပါလိမ့်မယ်။ Candlestick charts တွေ၊ moving average envelopes စတဲ့ Technical Indicator တွေကိုပါ စိတ်ကြိုက်ချိန်ညှိပြီး ကြည့်ရှုနိုင်မှာပါ။
  3. Real-Time Data နဲ့ Live News Feed: အရင်ကထက်ပိုများတဲ့ ဈေးကွက် Data တွေကို ကြည့်ရှုနိုင်ပါပြီ။ ကုန်စည် (commodities) တွေနဲ့ နောက်ထပ် Crypto ငွေကြေးအသစ်တွေရဲ့ Data တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် live news feed အသစ်ကြောင့် နောက်ဆုံးရသတင်းတွေကို ချက်ချင်းသိနိုင်ပြီး ဈေးကွက်ရဲ့ အခြေအနေကို အချိန်နဲ့တပြေးညီ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Google Finance ကို AI နဲ့ အဆင့်မြှင့်တင်ဖို့ Google စတင်စမ်းသပ်

Google ရဲ့ AI အပေါ် ရင်းနှီးမြှုပ်နှံမှု

Google ဟာ AI နည်းပညာကို နေရာတကာမှာ ထည့်သွင်းဖို့ အသည်းအသန် ကြိုးစားနေတာတော့ အားလုံးအမြင်ပါပဲ။ မကြာသေးခင်ကပဲ အမေရိကန်က တက္ကသိုလ်တွေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကို AI ဆိုင်ရာ သင်တန်းတွေပေးဖို့အတွက် ၃ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံ သုံးစွဲသွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။

Google က “ကျနော်တို့ဟာ AI ကို အဓိကထားပြီး ပြန်လည်ပုံဖော်ထားတဲ့ Google Finance အသစ်တစ်ခုကို စမ်းသပ်နေပါတယ်” လို့ တရားဝင် ပြောကြားထားပါတယ်။ အရင်တုန်းကဆိုရင် ငွေကြေးဆိုင်ရာ အချက်အလက်တွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေက ကျွမ်းကျင်သူတွေအတွက်ပဲ ဖြစ်သလို ခံစားခဲ့ရပါတယ်။ အခုတော့ သာမန်သုံးစွဲသူတစ်ယောက်ကတောင် ရှုပ်ထွေးတဲ့မေးခွန်းတွေကို AI ကိုမေးပြီး နားလည်လွယ်တဲ့အဖြေတွေ ရနိုင်တော့မှာဖြစ်လို့ ငွေကြေးဆိုင်ရာ အချက်အလက်ရယူမှုကို ပိုပြီး လူတိုင်းလက်လှမ်းမီအောင် (democratize) လုပ်လိုက်သလိုပါပဲ။

ဒါပေမယ့် သတိပြုရမှာတစ်ခုကတော့ ဒါဟာ အစွမ်းထက်တဲ့ tool တစ်ခုဖြစ်လာမှာ သေချာပေမယ့် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ AI ကပေးတဲ့ အကြံဉာဏ်တွေကို မျက်စိမှိတ်ပြီးတော့ လုံးဝမယုံကြည်သင့်ပါဘူး။ AI ဟာ အချက်အလက်တွေကို အခြေခံပြီး အဖြေပေးတာဖြစ်လို့ ဈေးကွက်ရဲ့ မတည်ငြိမ်မှုတွေနဲ့ လူသားတွေရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုတော့ အပြည့်အဝ ထည့်သွင်းစဉ်းစားနိုင်မှာ မဟုတ်ပါဘူး။

ခြုံပြောရရင်တော့ Google ဟာ သူ့ရဲ့ အားသာချက်ဖြစ်တဲ့ Data နဲ့ AI ကိုပေါင်းစပ်ပြီး သုံးစွဲသူတွေကို သူ့ရဲ့ Ecosystem ထဲကနေ ဘယ်မှထွက်မသွားနိုင်အောင် ဆွဲဆောင်နေတာဖြစ်ပါတယ်။ ဒီ Feature အသစ်တွေကတော့ ငွေကြေးလောကကို စိတ်ဝင်စားသူတိုင်းအတွက် စောင့်ကြည့်ရမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုးတက်မှုတစ်ခုပါပဲ။

Exit mobile version