သုံးစွဲသူများအတွက် လက်တွေ့အသုံးမဝင်ဟုဆိုကာ Google ၏ Dark Web Report ဝန်ဆောင်မှု ရပ်ဆိုင်းမည်

Google ကတော့ သူ့ရဲ့ “dark web report” feature ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တရားဝင်ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီ feature က ကိုယ့်ရဲ့ email, phone number လိုမျိုး ကိုယ်ရေးကိုယ်တာအချက်အလက်တွေ data breach တွေကနေတစ်ဆင့် dark web ပေါ် ရောက်နေ၊ မနေ စစ်ဆေးပေးတဲ့ tool တစ်ခု ဖြစ်ပါတယ်။

Google က ဘာလို့ရပ်လိုက်တာလဲဆိုတော့ သုံးစွဲသူတွေဆီက feedback ကြောင့်ပါပဲ။ ဒီ tool က “မင်းရဲ့ data တွေပေါက်ကြားနေပြီ” လို့ ပြောပြရုံပဲပြောပြပြီး၊ “နောက်ဆက်တွဲ ဘာလုပ်ရမလဲ” ဆိုတဲ့ ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ မပေးနိုင်ဘူးလို့ ဆိုပါတယ်။ Reddit မှာလည်း သုံးစွဲသူတွေက “Password ပြောင်းလိုက်” ဆိုတာကလွဲပြီး ဘယ် account မှာ ပြဿနာတက်နေလဲဆိုတာ မသိရတဲ့အတွက် ဘာလုပ်ရမှန်းမသိဘူးဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

သုံးစွဲသူများအတွက် လက်တွေ့အသုံးမဝင်ဟုဆိုကာ Google ၏ Dark Web Report ဝန်ဆောင်မှု ရပ်ဆိုင်းမည်

Google က ယခုကဲ့သို့ ရပ်ဆိုင်းခြင်းက အွန်လိုင်းလုံခြုံရေးကို လျစ်လျူရှုခြင်းမဟုတ်ဘဲ၊ “Security Checkup” နှင့် “Password Manager” ကဲ့သို့ ပိုမိုရှင်းလင်းပြီး လက်တွေ့ကျသော အကာအကွယ်ပေးနိုင်သည့် tool များအပေါ် ပိုမိုအာရုံစိုက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သုံးစွဲသူများအနေဖြင့် သတိပြုရမည့် အချက်မှာ၊ dark web စောင့်ကြည့်စစ်ဆေးမှုများကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရပ်တန့်မည်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဝန်ဆောင်မှုကို တရားဝင်ရပ်ဆိုင်းကာ သက်ဆိုင်ရာ data အားလုံးကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရက်မတိုင်ခင် ကိုယ့် data တွေကို ကိုယ်တိုင်ဖျက်ချင်တယ်ဆိုရင်တော့ setting ထဲကနေ monitoring profile ကို ဝင်ဖျက်လို့ရပါသေးတယ်။

Exit mobile version