Google ရဲ့ AI လုပ်ငန်းကို အရှိန်မြှင့်တင်ရန် Google DeepMind အဖွဲ့ကို ဖွဲ့စည်း

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ၂၀၁၄ ခုနှစ်တုန်းက ဝယ်ယူခဲ့တဲ့ DeepMind Artificial Intelligence ကုမ္ပဏီကို Google Brain အဖွဲ့နဲ့ ပေါင်းစပ်ကာ Google DeepMind ဆိုတဲ့အဖွဲ့အဖြင့် တည်ထောင်လိုက်တာ ဖြစ်ပါတယ်။

Alphabet နဲ့ Google CEO Sundar Pichai ကတော့ “ပေါင်းစပ်အဖွဲ့ဟာ ကျွန်တော်တို့ရဲ့ AI Progress တွေကို သိသိသာသာ အရှိန်မြှင့်တင်ပေးမယ်” လို့ ပြောထားပါတယ်။ Google DeepMind ရဲ့ CEO နေရာကို အရင် DeepMind CEO Demis Hassabis ပဲ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း CEO Sundar Pichai က ပြောပြထားပါတယ်။ Google Brain အဖွဲ့ရဲ့ Co-founder လည်းဖြစ် Google သုတေသနနှင့် ကျန်းမာရေးဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့သူ Jeff Dean ကတော့ Google သုတေသနနှင့် Google DeepMind တို့၏ သိပ္ပံပညာရှင် အကြီးအကဲအဖြင့် တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“အခုလို Google ရှိ ထူးချွန်တဲ့ ဝန်ထမ်းတွေ ပေါင်းစည်းလိုက်ခြင်းအားဖြင့် AI သုတေသန နှင့် AI ထုတ်ကုန်တွေအတွက် စစ်မှန်တဲ့ အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပြီး သန်းပေါင်းများစွာသော လူသားများရဲ့ ဘဝများကို သိသိသာသာ တိုးတက်ပြောင်းလဲစေနိုင်သလို၊ စက်မှုလုပ်ငန်းများကို အသွင်းပြောင်းပြီး သိပ္ပံပညာကို တိုးတက်စေကာ မတူကွာပြားတဲ့ အသိုက်အဝန်းများကို ဖန်တီးနိုင်မှာဖြစ်ကြောင်း” Google DeepMind CEO Demis Hassabis က ဝန်ထမ်းတွေဆီ ပေးပို့တဲ့စာထဲမှာ ရေးသားထားတယ်လို့ သိရပါတယ်။

ဒီလိုဆိုတော့ AI လောကမှာ Elon Musk ကလည်း ပြီးခဲ့တဲ့အပတ်က AI သုတေသနလုပ်ငန်းတွေအတွက် X.AI ကိုတည်ထောင်ခဲ့ပြီး အခု Google ကလည်း Google DeepMind ကို ဖွဲ့စည်းလိုက်တယ်ဆိုတော့ AI ဟာ လူသားတွေကို ခြိမ်းခြောက်နိုင်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ AI ကို အဆင့်မြှင့်တင်ခြင်း ဆိုင်းငံ့ခိုင်းတဲ့ ကိစ္စဟာ အရာမထင်ဘူးလို့ပဲ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version