Google Chrome Browser ရဲ့ နောက်ဆုံး versionဖြစ်တဲ့ 110.0.5481.100 မှာ MacBook များအတွက် Battery ပိုမိုခံလာပြီဖြစ်ကြောင်း Googleက နောက်ဆုံး updateမှာ ကြေညာခဲ့ပါတယ်။ Chrome’s browser last updateတွင် Memory compression နဲ့ JavaScript timers Systemsများကို အရင်ကထက်မိုပိုကောင်းမွန်အောင်ပြုပြင်ပြောင်းလဲခဲ့တာတွေ့ရမှာဖြစ်ပါတယ်။
MacBook Pro 13 (M2, 2022)နဲ့ tests conducted လုပ်ခဲ့ရာ website တွေကြည့်မယ်ဆို 17နာရီလောက် batteryခံပြီး Youtube vedios တွေကြည့်မယ်ဆိုရင်တော့ 18နာရီလောက် ကောင်းကောင်းသုံးလို့ ရမှာဖြစ်ပါတယ်။ အရင်ကတည်းကမှ battery life timesမှာ ဆရာကြီးဖြစ်တဲ့ MacBook pro 13(M2, 2022)ကို Chrome browser က ထပ်ပြီး Supportပေးလိုက်တော့ Longtime user တွေအတွက် သတင်းကောင်းပေါ့။