ChatGPT ကို ယှဉ်ဖို့ Google က Bard AI ကို စတင်မိတ်ဆက်

Google Bard AI မိတ်ဆက်

Google Bard AI

Google နှင့် မိခင်ကုမ္ပဏီ Alphabet ၏ CEO Sundar Pichai ဟာ သူ့ရဲ့ blog post မှာ Bard လို့ နာမည်ပေးထားတဲ့ Google ရဲဲ့ Chatbot AI အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Google CEO Sundar Pichai ရေးသားထားမှုအရ Bard ကို မကြာတော့တဲ့ အချိန်မှာ Google Search နေရာတွင် မြင်ရတော့မှာ ဖြစ်ပြီး Bard နှင့်အတူ Google ၏ AI တွေအားလုံးကိုလည်း ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Google ဟာ Bard ကို ဖန်တီးဖို့ လွန်ခဲ့တဲ့ (၂)နှစ်လောက်ထဲက ကြိုးစားခဲ့တာဖြစ်ပြီး သန်းနဲ့ချီတဲ့ လူတွေရဲ့ အချက်အလက်တွေကို စုစည်းကာ စနစ်တကျ ဖန်တီးထားတာဖြစ်ကြောင်း CEO ရဲ့ post မှာ ရေးထားပါတယ်။ Google က AI တွေကို အခုလိုမျိုး တီထွင်နေရတာဟာ အနာဂတ်မှာ လူတွေရဲ့ လူနေမှုဘဝတွေ ပိုမိုမြင့်မားစေဖို့နှင့် အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းပေးနိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ကြောင်းလဲ သိရပါတယ်။

သန်းနဲ့ချီတဲ့ အချက်အလက်တွေကို စုစည်းထားပေမယ့် AI က အဖြေကို ရှာပေးမှာဖြစ်တာကြောင့် အမှားအယွင်းတွေလည်း ဖြစ်လာနိုင်ကြောင်းကို CEO က ထည့်သွင်း ရှင်းပြထားပါသေးတယ်။ မကြာတော့တဲ့ အချိန်မှာ Google ရဲ့ Search မှာ ကိုယ်သိချင်တာ ဖန်တီးချင်တာတွေကို ရေးပြီး Enter နှိပ်လိုက်တာနဲ့ AI က အဖြေရှာပေးတော့မှာဆိုတော့ ကျွန်တော်တို့ အားလုံးအတွက် အရမ်းကို အထောက်အကူ ဖြစ်စေမယ်ဆိုတာ အမှန်ပါပဲ။

Exit mobile version