ဖေဖော်ဝါရီလတုန်းက Google က မိတ်ဆက်ပေးခဲ့တဲ့ Google Bard ကို အခု စမ်းသုံးလို့ရပြီ ဖြစ်ပါတယ်။ သို့သော် Google က ကြေငြာထားသလို Google Search Engine ထဲမှာ မဟုတ်ပဲ bard.google.com မှာ သွားပြီး သုံးရမှာဖြစ်ပါတယ်။
Google က Bard ကို search engine ထဲမှာ မထည့်သေးတာဟာ Bard မှာ ချွတ်ယွင်းချက်တွေရှိနေသေးတာကြောင့်လို့ သိရပါတယ်။ Bard ဟာ သန်းနဲ့ချီတဲ့ စကားလုံးတွေနဲ့ ဖန်တီးထားတဲ့ LaMDA အမျိုးအစား AI ကို အသုံးပြုထားတာဖြစ်ပါတယ်။ Bard ကို ChatGPT လိုမျိုး လူတိုင်းအသုံးပြုနိုင်ပေမယ့် တချို့နိုင်ငံတွေမှာတော့ သုံးလို့မရသေးဘူးလို့ သိရပါတယ်။ Bard ကို အခုချိန်မှာ စမ်းသုံးဖို့ ထုတ်ပေးလိုက်တာဟာ လူတွေရဲ့ feedback ကို ကြည့်ပြီး လိုအပ်ချက်များကို ပြင်နိုင်ဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Microsoft ရဲ့ Bing လိုမျိုးပဲ Search Engine ထဲမှာ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ Google ရဲ့ Bard ဟာ ChatGPT ထပ်ပိုပြီး အဖြေထုတ်ပေးတာ မြန်တယ်လို့လည်း သိရပါတယ်။ Google ရဲ့ Bard ကို လူတွေကြားထဲ ထည့်ပေးလိုက်ပြီဆိုတော့ chatbot AI တွေရဲ့ အားပြိုင်မှုဟာ စတင်ပြီဖြစ်ပါတယ်။