Google Bard AI ရဲ့ ကြီးမားတဲ့ Update နဲ့ ပြောင်းလဲမှု

Googl ရဲ့ AI Assistant တစ်ခုဖြစ်တဲ့ Bard ကို မကြာသေးမှီက ကြီးမားတဲ့ Update တစ်ခုပြုလုပ်ခဲ့ပါတယ်။ အခု Update မှာ အရင်ကထက် ပိုမိုသဘောပေါက်နားလည်ပြီး မြန်ဆန်တဲ့ အဖြေများကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ Bard AI Update ရဲ့ အကြီးမားဆုံးအင်္ဂါရပ်များထဲမှတစ်ခုမှာ Gmail၊ Docs၊ Drive၊ Maps၊ YouTube၊ Google Flights နဲ့ Hotels များလို Google Feature Tool များဆီက ဒေတာများကို တိုက်ရိုက်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ ဆိုလိုတာက Bard ကို အသုံးပြုတဲ့အခါ Google Maps ကြည့်မလား၊ Mail ရေးမလားဆိုပြီး Function တွေကို ရွေးချယ်ပြီး မေးလို့ရမှာ ဖြစ်တဲ့အတွက် မိမိဆိုလိုချင်တဲ့ အဖြေကို ရရှိမှာ ဖြစ်ပါတယ်။

Google Bard AI ရဲ့ ကြီးမားတဲ့ Update နဲ့ ပြောင်းလဲမှု

ဥပမာအနေဖြင့် ပြောရရင် သင်က ခရီးစဉ်တစ်ခုစီစဉ်ဖို့အတွက် Bard ကိုကူညီတောင်းတဲ့အခါ Bard က မိမိလိုအပ်တဲ့ လေယာဉ်ခရီးစဉ်များနဲ့ Hotel Booking များကို ရှာဖွေရန် မိမိရဲ့ Gmail ထဲကနေ အချက်အလက်များကို ဆွဲယူနိုင်ပြီး တိကျတဲ့ အဖြေများကို ချပေးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး အလုပ်ပရောဂျက်တစ်ခုအတွက် Bard ကို အကူအညီတောင်းတဲ့အခါ Bard AI က သက်ဆိုင်ရာစာရွက်စာတမ်း၊ ဒေတာအချက်အလက်များ ကို မိမိရဲ့ Google Docs နဲ့ Drive က အချက်အလက်များကို ဆွဲယူပြီး ပိုမိုတိကျပြီး လိုချင်တဲ့ အဖြေတွေ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး Bard ကပေးတဲ့ အဖြေတွေကို ပြန်လည်စစ်ဆေးနိုင်ရန် “double-check button” ဆိုတဲ့ Feature တစ်ခုကိုလဲထည့်သွင်းထားတာဖြစ်ပါတယ်။

Update ထွက်ရှိထားတဲ့ Bard AI က ရှိနေပြီးသား Google ရဲ့ Tools မျိုးစုံစီက အချက်အလက်များကို အသုံးပြုပြီး အဖြေများကိုပေးစွမ်းနိုင်တဲ့ အတွက်ကြောင့် ပိုမိုကောင်းမွန်ပြီး တိကျတဲ့ အဖြေများကိုပေးစွမ်းနိုင်မှာ ဖြစ်ပြီး မေးတဲ့ မေးခွန်းအပေါ်မှုတည်ပြီး မိမိရဲ့ ရှိပြီးသား Personal ဒေတာ ကို AI ကအသုံးချမှာ ဖြစ်တဲ့အတွက် မိမိလိုချင်တဲ့ အဖြေကို အတိအကျရှိမှာ ဖြစ်ပါတယ်။

Exit mobile version