Android Phone တွေမှာ ပါဝင်လာမယ့် အရေးပေါ် Live Video Feature အသစ်

Google ကတော့ အရေးပေါ်အခြေအနေတွေမှာ ကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူတွေကို ကိုယ့်ဖုန်းကင်မရာကနေ တိုက်ရိုက် live လွှင့်ပြနိုင်မယ့် “Android Emergency Live Video” feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

ဒီ feature အလုပ်လုပ်ပုံကတော့ သင်က အရေးပေါ်နံပါတ်တစ်ခုခုကို ခေါ်လိုက်တဲ့အခါ တစ်ဖက်က တာဝန်ရှိသူက အခြေအနေကို video နဲ့ကြည့်ဖို့ လိုအပ်လာတဲ့ အခါ သင့်ဖုန်းဆီကို live လွှင့်ပေးဖို့ request တစ်ခု ပို့မှာပါ။ သင်က “Share” ကိုနှိပ်ပြီး လက်ခံလိုက်မှသာ သင့်ကင်မရာကနေ live လွှင့်မှာဖြစ်ပြီး သင်မလွှင့်ချင်ရင် “No thanks” နဲ့ ငြင်းပယ်နိုင်ပါတယ်။ လုံခြုံရေးအတွက် ဒီ video တွေကို encrypt လုပ်ထားပြီး၊ live လွှင့်နေတုန်းမှာလည်း ကြိုက်တဲ့အချိန် “Stop sharing” နဲ့ ရပ်တန့်နိုင်ပါတယ်။

Android Phone တွေမှာ ပါဝင်လာမယ့် အရေးပေါ် Live Video Feature အသစ်

ဒီ feature ကြောင့် ကားတိုက်တာ၊ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်တာ၊ မီးလောင်တာမျိုးတွေမှာ ကယ်ဆယ်ရေးသမားတွေက အခြေအနေကို မျက်မြင်အတိုင်း အတိအကျသိနိုင်ပြီး လိုအပ်တဲ့အကူအညီကို အချိန်မီပေးနိုင်မှာပါ။ CPR လုပ်နည်းလိုမျိုး အသက်ကယ်နည်းလမ်းတွေကိုတောင် video ကနေတဆင့် လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ feature ကို US, ဂျာမနီနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ Android 8 အထက်ဖုန်းတွေအတွက် စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး၊ Google က တခြားနိုင်ငံတွေမှာပါ ရရှိအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Exit mobile version