Google ရဲ့ AI Video Generator ဖြစ်တဲ့ Veo ဟာ Video အတိုလေးတွေကို ဖန်တီးနိုင်ပြီ ဖြစ်ကြောင်းနဲ့ Vertex AI အသုံးပြုသူများနဲ့ Google Cloud’s AI Development Platform တို့မှာ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
Google ရဲ့ Veo ဟာ တိရစ္ဆာန်များ၊ အရာဝတ္ထုများနဲ့ လူများအစရှိတဲ့ Video တွေကို 1080p ၊ 24 သို့မဟုတ် 30 fps နဲ့ ၆ စက္ကန့်ကြာသည်အထိ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော Visual Video များကို ဖန်တီးနိုင်မှာ ဖြစ်ပြီး Cinematic Styles ၊ Landscapes နဲ့ Time Lapses တို့ကိုပါ ဖန်တီးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Vertex AI မှာ ဆိုရင် 720p ကို 16:9 Landscape သို့မဟုတ် 9:16 Portrait Aspect Ratios အနေနဲ့ပါ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Veo နဲ့ ဖန်တီးလိုက်တဲ့ AI Video များဟာ AI နဲ့ ဖန်တီးထားမှန်း ခွဲခြားလို့ မရနိုင်လောက်အောင် သဘာဝဆန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Video Generative AI လောကတွင် OpenAI ရဲ့ Sora ကြီးပဲ ဦးဆောင်နေတာ မဟုတ်တော့ပဲ Google ရဲ့ Veo ကိုလည်း ထည့်သွင်း စဥ်းစားရတော့မှာ ဖြစ်ပါတယ်။ Google ရဲ့ Veo ကို အသုံးပြုဖို့ Poe Chatbot Platform နဲ့ Oreo ရဲ့ ပိုင်ရှင် Mondelez International တို့က သဘောတူစာချုပ် ချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။