Google ရဲ့ အစွမ်းထက်ဆုံး AI Model ဖြစ်လာမယ့် Gemma 3

Google က မကြာသေးခင်ကပဲ သူတို့ရဲ့ Update လုပ်ထားသော Gemma 3 ကို GPU တစ်လုံးထည်းနဲ့ အသုံးပြုနိုင်မယ့် အစွမ်းထက်ဆုံး AI Model အဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ Gemma 3 က ‘open’ AI model အမျိုးအစားဖြစ်ပြီး AI Software/Application တွေကို ဖန်တီးချင်တဲ့ Developer တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Gemma 3 Model တွေက ဘာသာစကားပေါင်း ၃၅ မျိုးကျော်ကို Support ပေးနိုင်ပြီး စာသား၊ ရုပ်ပုံနဲ့ ဗီဒီယိုတိုတွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ပိုပြီး မြင့်မားတယ်လို့ သိရပါတယ်။

Google ရဲ့ အစွမ်းထက်ဆုံး AI Model ဖြစ်လာမယ့် Gemma 3

Google ရဲ့ ပြောကြားချက်အရ Gemma 3 ဟာ GPU တစ်လုံးထည်းနဲ့ အလုပ်လုပ်နိုင်တဲ့ AI Model တွေထဲမှာ အစွမ်းထက်ဆုံးဖြစ်ပြီး၊ Facebook ရဲ့ Llama၊ DeepSeek နဲ့ OpenAI တို့ရဲ့ AI Model တွေထက် သာလွန်တဲ့ Performance ကိုပြသနိုင်တယ်လို့ သိရပါတယ်။ နောက်ပြီး Nvidia ရဲ့ GPU နဲ့ AI hardware တွေပေါ်မှာလဲ အဆင်ပြေပြေအလုပ်လုပ်နိုင်အောင် Optimize လုပ်ထားတယ်လိုလဲ သိရပါတယ်။

ADVERTISEMENT
Exit mobile version