Google ရဲ့ အကောင်းဆုံး AI Model ဖြစ်လာမယ့် Gemini 2.5 Pro

Google က Gemini 2.5 Pro, AI Model အသစ်ကို မကြာသေးခင်က မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ပိုပြီးတွေးခေါ်နိုင်စွမ်းရှိတဲ့ “reasoning” Power AI Model ဖြစ်လာမှာ ဖြစ်တယ်လို့ Company ကကြေညာခဲ့တာ ဖြစ်ပါတယ်။

Gemini 2.5 Pro က စာသား၊ အသံ၊ ရုပ်ပုံ၊ ဗီဒီယိုနဲ့ ကုဒ်တွေကို တစ်ပြိုင်နက်တည်း ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ “Multimodality” Power ဖြစ်ပြီး လက်ရှိ AI Model တွေဖြစ်ကြတဲ့ OpenAI, Anthropic, xAI နဲ့ DeepSeek တို့ထက် သာလွန်မှာဖြစ်တယ်လို့ Google ကဆိုထားပါတယ်။ Gemini 2.5 Model အသစ်က “reasoning” စွမ်းရည်ကို တိုးမြှင့်ထားတာကြောင့် ရှုပ်တွေးတဲ့ပြဿနာတွေကို အဆင့်ဆင့်စဉ်းစားနိုင်ပြီး ပိုမိုတိကျတဲ့အဖြေတွေကို ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။ 

Gemini 2.5 pro ဖြင့် Vedio Game တစ်ခုကိုဖန်တီးထားပုံ

Google ရဲ့ Gemini 2.5 Pro Model ဟာ ‘မကြာမှီ’ Process ပိုင်းမှာ ဒေတာပိုမိုများပြားစွာ လုပ်ဆောင်နိုင်ရန် အတွက် Token ပေါင်း 2 million (Context Window) ကို ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Google က ချပြခဲ့တဲ့ Demo Video အရ Gemini 2.5 Pro ကရိုးရှင်းတဲ့ Prompt အတိုတစ်ခု အပေါ်အခြေခံပြီး Video Game တစ်ခုကို အလိုအလျှောက် Programming လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ အခုချိန်မှာ 2.5 pro Model ကို Google AI Studio or Gemini Advanced မှာ Subscription လုပ်ထားတဲ့ သူများအနေဖြင့် စမ်းသုံးကြည့်လို့ ရနိုင်ပြီး ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version