Google က Gemini App ကို Gemini 2.0 Flash AI မော်ဒယ်နဲ့ အဆင့်မြှင့်တင်မယ်လို့ ကြေညာခဲ့ပါတယ်။ မော်ဒယ်အသစ်ဟာ “ပိုပြီး လျှင်မြန်စွာတုံ့ပြန်နိုင်ကာ စွမ်းဆောင်ရည်မြင့်မားတဲ့ ရလဒ်တွေကိုပေးစွမ်းပြီး၊ ဖန်တီးခြင်း၊ သင်ယူခြင်း ဒါမှမဟုတ် စာရေးခြင်းလို နေ့စဉ်လုပ်ငန်းတွေမှာ ကူညီပေးနိုင်တယ်” လို့ Google က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲကို Gemini ရဲ့ ဝက်ဘ်နဲ့ မိုဘိုင်းအက်ပ်တွေမှာ မိတ်ဆက်ထားပြီး၊ လူတိုင်းအသုံးပြုလို့ ရရှိနိုင်မှာဖြစ်ပါတယ်။ အရင် Gemini 1.5 Flash နဲ့ 1.5 Pro တို့ကို နောက်အပတ်ထိ ဆက်လက် အသုံးပြုလို့ ရနိုင်ဦးမယ်လို့ ဆိုထားပါတယ်။ Google က Gemini 2.0 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Flash 2.0 ရဲ့ Experimental Version ကို User အတွက် စမ်းသပ်အသုံးပြုခွင့် ပေးထားတာဖြစ်ပါတယ်။
နောက်ပြီး Google က Imagen 3 (AI text-to-image generator) ကိုလဲ Version မြှင့် Update ပြုလုပ်မှာဖြစ်ပြီး Imagen 3 ရဲ့ Model အသစ်က “ပိုမိုကောင်းမွန်တဲ့ အသေးစိတ်အချက်တွေနဲ့ ဖွဲ့စည်းမှုတွေကို ပေးစွမ်းနိုင်ပြီး၊ User ရဲ့ညွှန်ကြားချက်တွေကို ပိုမိုတိကျစွာ လိုက်နာပြီး ထုတ်လုပ်ပေးနိုင်တယ်” လို့ပြောကြားထားတာ ဖြစ်ပါတယ်။