Google ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တုန်းက Gemini Web App မှာ Gems လို့ ခေါ်တဲ့ ကိုယ်ပိုင် Mini App တွေ ဖန်တီးနိုင်မယ့် Tool ကို ထည့်သွင်းဖို့ ကြိုးစားနေကြောင်း ကြေငြာခဲ့ပြီး အခုမှာတော့ Opal လို့ခေါ်တဲ့ Vibe-Coding Tool ကို Gemini မှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။
Google ရဲ့ Gems ကို ၂၀၂၄ ခုနှစ်မှာ စတင် မိတ်ဆက်ပေးခဲ့ပြီး သီးခြား အခြေအနေများနဲ့ စမ်းသပ်ချက်များကို လုပ်ဆောင်နိုင်မယ့် ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးနိုင်တဲ့ Gemini ဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းမှာ Learning Coach ၊ Brainstorming Assistant ၊ Career Guide ၊ Coding Partner နဲ့ Editor တို့ ပါဝင်ပါတယ်။ Opal ဟာ Gems ရဲ့ Tools တစ်ခု ဖြစ်တာကြောင့် Gemini ရဲ့ Gems Manager ထဲမှာ ပါဝင်လာတာ တွေ့ရပါတယ်။
Opal ရဲ့ အဓိက လုပ်ဆောက်ချက်ကတော့ Coding မလိုပဲ Prompt လေးနဲ့ Mini App တွေကို စိတ်ကြိုက် ဖန်တီးပေးနိုင်မှာ ဖြစ်သလို ရှိပြီးသား App တွေကိုလည်း ရောပေးနိုင်မှာ ဖြစ်ကြောင်း Google က ပြောပါတယ်။ ဒါ့အပြင် Opal မှာ Visual Editor လည်း ပါဝင်မှာ ဖြစ်လို့ အသုံးပြုသူ ရေးလိုက်တဲ့ Prompt နဲ့ Links တွေကို တစ်ဆင့်ခြင်း မြင်သာအောင် ဖော်ပြပေးမျာ ဖြစ်တာကြောင့် အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ အဆင့်မြင့် ရွေးချယ်မှုအနေနဲ့ အသုံးပြုသူများဟာ opal.google.com မှာရှိတဲ့ Advanced Editor သို့ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Opal ဟာ AI ပါဝါနဲ့ အခုမှ စတင်မယ့် လုပ်ငန်းများအတွက် ရည်ရွယ်ကာ ထုတ်ပေးထားတဲ့ AI ဖြစ်ပြီး Opal လိုမျိုး AI အမျိုးအစားကို Google မှာသာမက အခြားသော AI ကုမ္ပဏီများဖြစ်တဲ့ OpenAI နဲ့ Anthropic တို့မှာလည်း ရှိနေတာ ဖြစ်ပါတယ်။
