Google ရဲ့ တရားစွဲခံရမှုက အင်တာနက်အသုံးပြုမှုကို ပြောင်းလဲသွားနိုင်မလား

အင်တာနက်ဆိုသည်နှင့် Google ကိုပဲ လူအများစုသိကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ထားရခြင်းနောက်ကွယ်မှာ Google က မိုနိုပိုလီကစားကွက်အတိုင်း အင်တာနက်တစ်ခွင်မှာ လက်ဝါးကြီးအုပ်ထားပါတယ်။ အင်တာနက်ကို လက်ဝါးကြီးအုပ်နိုင်အောင် Samsaung, Apple နှင့်အခြား phone companies တွေမှာ ပိုက်ဆံမြောက်များစွာပေးပြီး Browser မှာ default ဖြစ်နေအောင် လာဘ်ထိုးထားတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နှင့် ပတ်သက်ပြီး Google ကို တာဝန်ရှိသူတွေက တရားရုံခွင်တင်ပြီး တရားစွဲထားပါတယ်။ ကံဆိုးစွာနှင့်ပဲ ဒီအမှုမှာ Google က ရှုံးနိမ့်နေပါတယ်။

Search Market မှာဆိုရင်လည်း Google က သူ့ရဲ့ပြိုင်ဖက်အသေးလေးတွေကိုလည်း အနိုင်ကျင့်သလိုမျိုး ခေါင်းမထောင်နိုင်အောင် Device တိုင်းရဲ့ browsers တွေမှာ Google ပဲ ဖြစ်နေအောင် ပိုက်ဆံတွေအများကြီးအကုန်ကျခံပြီး ပေးထားပါတယ်။ Search ads တွေအတွက်လည်း Google က ပေးချေရမယ့်ငွေက ကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့်ရှိတယ်လို့ အမေရိကန်တရားသူကြီး ​Amit P.Mehta က သုံးသပ်ထားပါတယ်။ ဒီအမှုမှာ Google က ရှုံးနိမ့်သွားပေမယ့် ပြန်လည်​လျှောက်တင်ချက်အနေနှင့် ယခုလိုဖြစ်ရခြင်းအကြောင်းရင်းက Google ရဲ့ အရည်အသွေးကောင်းမွန်မှုကြောင့် အသုံးပြုသူတွေက အခြား search engine ကို အသုံးမပြုတာလို့လည်း ပြန်လည်ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ယခုလိုအဖြစ်အပျက်မျိုး Apple မှာလည်း ကြုံတွေ့ခဲ့ရပြီး Apple က အသုံးပြုသူတွေကို iPhone ပဲ ဝယ်အောင်တမင်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ လူအမျိုးမျိုးက ယခုလိုအဖြစ်အပျက်တွေနှင့် ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးပေးကြပါတယ်။

စီရင်ချက်ချပြီးတဲ့အခါမှာတော့ Google အနေနှင့် Search Engine ကို ထပ်ပြီးကြီးစိုးနိုင်မလား၊ အခြားပြိုင်ဖက်တွေက​ Google လိုမျိုး သာလွန်နေအောင် ပြုလုပ်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ထို့အပြင် Privacy rules တွေနှင့် အခြား rules တွေကိုလည်း လိုက်နာရမှာ ဖြစ်တာကြောင့် အသုံးပြုသူတွေအနေနှင့် ပိုခက်ခဲနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နောက်နည်းလမ်းတစ်ခုက Google က ပြိုက်ဖက်အသေးလေး company တစ်ခုကို ဝယ်ယူပြီး ကိုယ်ပွားအနေနှင့် ပြန်လာနိုင်မလား စသဖြင့် နည်းလမ်းပေါင်းစုံလည်း ရှိနေပါတယ်။

Exit mobile version