Google က Play Store ပေါ်ရှိ low-quality app များနှင့် လုံခြုံမှုမရှိဘူးလို့ ထင်ရတဲ့ App များကို ဖယ်ရှားမည်

Google က Android 15 မှာ User များရဲ့ Privacy နဲ့ Security update များကိုဦးစားပေး ပြင်ဆင်ထားတာ တွေ့ရပါတယ်။ လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့က စပြီး Play Store ပေါ်မှာရှိတဲ့ low-quality app များနှင့် လုံခြုံမှုမရှိဘူးလို့ ထင်ရတဲ့ App များကို အပြီးဖယ်ရှားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Google က Play Store ပေါ်ရှိ low-quality app များနှင့် လုံခြုံမှုမရှိဘူးလို့ ထင်ရတဲ့ App များကို ဖယ်ရှားမည်

Google ရဲ့ နောက်ဆုံးထွက် Spam Policy update အရ text-only app များ၊ single wallpaper app များ၊ limited functionality နဲ့ content များပါဝင်တဲ့ App များကို ဩဂုတ်လ ၃၁ ရက်နေ့က စပြီး Play Store ပေါ်မှာတင်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ Android Authority ရဲ့တင်ပြချက် အရ Google က Play Store ပေါ်မှာရှိတဲ့ App များထဲကမှ ၎င်းတို့ရဲ့ Policy ကိုချိုးဖောက်ပြီး သုံးစွဲသူများရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ Android app ပေါင်း 2.28 သန်းကို ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

Exit mobile version