Gmail ရဲ့ Sidebar မှာ Gemini ကို အသုံးပြုနိုင်ပြီ

Google ဟာ Gmail နဲ့ ပတ်သက်ပြီး AI Feature အသစ်တစ်ခုအဖြင့် Gemini AI ကို Sidebar မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Gemini Sidebar ကို Web Version အသုံးပြုသူများသာ အသုံးပြုနိုင်အုံးမှာ ဖြစ်ကြောင်း သိရပြီး Free အနေနဲ့ မဟုတ်ပဲ Google ရဲ့ Workspace ဝယ်ယူအသုံးပြုသူ (သို့မဟုတ်) Gemini AI ကို ဝယ်ယူထားသူများသာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Google ဟာ Gemini ကို သူတို့ရဲ့ ထုတ်ကုန်များ အားလုံးမှာ အသုံးပြုနိုင်အောင် ဆက်တိုက်ကြိုးစားနေတာ တွေ့ရပြီး အခုဆို Gmail၊ Docs၊ Sheets၊ Slides နှင့် Drive အစရှိတဲ့ Platform အတော်များများမှာ Gemini ကို အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ Google I/O ပွဲအတွင်းမှာလည်း နောက်ထပ် ဆန်းသစ်တဲ့ AI Features များစွာကို ထပ်မံယူဆောင်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားထားတာကြောင့် ဆက်လက်စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Exit mobile version