Georgia ပြည်နယ်မှာ ကန်ဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိတဲ့ ကားတွေကို ထုတ်လုပ်ခွင့်ရသွားတဲ့ Rivian

Rivian ဆိုတာကတော့ လျှပ်စစ်ကားလောကမှာ Tesla နဲ့အပြိုင်ရှိနေတဲ့ company ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းပြီး တောင့်တင်းတဲ့ mini truck တွေကြောင့် စျေးကွက်ထဲမှာ လူကြိုက်များတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ Rivian EV Trucks တွေကို Amazon Delivery မှာ တွေ့ရပြီး ကိုယ်ပိုင်ထုတ်ထားတဲ့ trucks တွေလည်း များစွာရှိပါတယ်။ EV ကားတွေအပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ခေတ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာတော့ rivian cars တွေကို ထုတ်လုပ်ဖို့အတွက် ခွင့်ပြုချက်ရသွားပါပြီ။

Rivian ကားစက်ရုံတည်ဆောက်မည့် မြေပုံ

ခွင့်ပြုချက်ပေးတာကတော့ Georgia Department of Economic Development (GDECD) နှင့် Joint Development Authority (JDA) တို့က လွန်ခဲ့တဲ့ ကြာသပတေးနေ့က ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဒီခွင့်ပြုချက်ကြောင့် Rivian အနေနဲ့ကားတွေကို များစွာထုတ်လုပ်ခွင့်ရပြီး ဒေသတစ်ဝိုက်အတွက်လည်း များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ထုတ်လုပ်မယ့် Rivian R2 next generations တွေကိုလည်း ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ထားပါတယ်။ ယခုနေရာက Rivian အတွက် ဒုတိယကားတွေထုတ်လုပ်မယ့်နေရာဖြစ်ပြီး ပထမနေရာကတော့ Normal, Illinois မှာတည်ရှိပါတယ်။ ပထမစက်ရုံမှာ R1S SUV တွေထုတ်လုပ်ပါတယ်။

2021 အစောပိုင်းတည်းက ခွင့်ပြုချက်ရပေမယ့် စက်ရုံတည်ဆောက်မှု ခွင့်ပြုချက်ကိုတော့ ဒီနှစ်တည်းမှာ ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။ ဖော်ပြချက်တွေအရ Rivian ရဲ့ နေရာက ဧကပေါင်း ၂၀၀၀ ကျော်ရှိပြီး အလုပ်ပေါင်း ၇၅၀၀ ကိုလည်း ဖန်တီးပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ စက်ရုံတည်ဆောက်ပြီး ၂၀၂၆ ခုနှစ်မှာတော့ ကားအစီးအရေပေါင်း လေးသိန်းကျော်ကို ထုတ်လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။ ထို့အပြင် အနီးအနားတစ်ဝိုက်မှာ Charging Stations တွေတည်ဆောက်သွားမယ်လို့ သိရပါတယ်။ Rivian အနေနဲ့ ဒေသတွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကို နှစ်နှစ်စာ Training ပေးပြီး အလုပ်သင်အဖြစ် ခန့်အပ်မည့်အပြင် ကျောင်းစရိတ်ပါကျခံသွားမယ်လို့လည်း သိရပါတယ်။

Exit mobile version