General Motors(GM) မော်တော်ယာဉ်တွင် Voice Assistants အနေဖြင့် ChatGPTကိုထည့်သွင်းမည်

ChatGPT

Microsoft ရဲ့ Azure Cloud Service နဲ့ OpenAi ရဲ့ နည်းပညာနဲ့ ပေါင်းစပ်ပြီး New Virtual Vehicle Assistantကို General Motors(GM) ကားများတွင် ထည့်သွင်းသွားမယ်လို့ သိရှိရပါတယ်။ GM ဒုဥက္ကဌ Scott Miller က Reuters ရဲ့ interviewတစ်ခုမှာ “ChatGPT is going to be in everything.”လို့ပြောကြားခဲ့ပါတယ်။

မောင်းသူက မိမိကားမှာပါဝင်တဲ့ function တွေကို အသံဖြင့်စေခိုင်းလို့ ရတဲ့အပြင် ကားရဲ့ အရေးပေါ်အခြေနေမှာဖြစ်ပေါ်တဲ့ကိစ္စရပ်များကို AI Virtual Voice Assistants ကမောင်းသူကို အလိုလျှောက်အသိပေးမှာဖြစ်ပါတယ်။ နောက်ပြီး Chatbot က ကားရဲ့ အရေးပေါ်အခြေနေမှာ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုပြီး ယှဉ်မောင်းကို အလိုအလျှောက် အကြံပေးသွားမှာဖြစ်ပါတယ်။ GM ရဲ့ ဒုဥက္ကဌ Scott Miller ပြောခဲ့ သလိုဘဲ ChatGPTက နောက်ပိုင်း နေရာတော်တော်များများမှာ ပါဝင်လာမှာတော့ အသေချာပါပဲ။

Exit mobile version