Gemini ကို ဘာသာစကားပေါင်း ၄၀ ကျော်နှင့် လာမယ့်ရက်သတ္တပတ်မှာ အသုံးပြုနိုင်မည်

Google ရဲ့ AI chatbot ဖြစ်တဲ့ Gemini ကို လာမယ့်အပတ်ထဲမှာ ဘာသာစကားပေါင်း ၄၀ ကျော်နှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်နှင့် ပြောနေသလိုမျိုး live တိုက်ရိုက်ပြောနိုင်ပြီး မေးခွန်းတွေမေးနိုင်မှာ ဖြစ်ပါတယ်။ သင့်တစ်ယောက်တည်း device တစ်ခုပေါ်မှာ ဘာသာစကား ၂မျိုးပြောနိုင်မှာ ဖြစ်ပြီး Google apps တွေဖြစ်တဲ့ Google Calendar, Tasks, Keep နှင့် အခြား google apps တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘာသာစကားအတွက် သင့်ရဲ့ Android phone settings ထဲမှာ Google Assistant > Languages ထဲမှာ နှစ်သက်ရာ ဘာသာစကား ထားထားလို့ရပါတယ်။

Gemini ကို ဘာသာစကားပေါင်း ၄၀ ကျော်နှင့် လာမယ့်ရက်သတ္တပတ်မှာ အသုံးပြုနိုင်မည် 1

ဒီ feature က Android users တွေပဲ လက်ရှိမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Gemini ကို iPhone မှာ အသုံးပြုရမရကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ယခုမှာတော့ company အနေနှင့် mobile platform အတွက်ပဲ ရည်ရွယ်ထားတာဖြစ်ပြီး PC မှာ ရမရ မသိရသေးပါဘူး။ တစ်ချိန်တည်းမှာ OpenAI ဘက်ကလည်း ဘာသာစကားအများကြီး support လုပ်တဲ့ သတင်းထွက်ရှိလာပါတယ်။ OpenAI ဖက်ကလည်း Gemini နည်းတူ ဘာသာစကားတွေ support လုပ်ပေးနိုင်ရင်တော့ iPhone မှာလည်း ဘာသာစကား support တွေထပ်ရလာနိုင်ချေများပါတယ်။

Exit mobile version