ကိုယ်ဖန်တီးထားတဲ့ Gemini AI Chat တွေကို တခြားသူတွေနဲ့ Share လို့ရပြီ

Google ကတော့ ကိုယ်ပိုင်စိတ်ကြိုက်ဖန်တီးထားတဲ့ Gemini AI assistant တွေဖြစ်တဲ့ ‘Gems’ တွေကို တခြားသူတွေနဲ့ Share လို့ရပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ Gems ဆိုတာကတော့ ကိုယ်လိုချင်တဲ့ အလုပ်တစ်ခုအတွက် သီးသန့်ဖန်တီးထားတဲ့ AI chatbot လေးတွေပါပဲ။ ဥပမာ – စာသင်ပေးတဲ့ learning coach, project idea တွေထုတ်ပေးတဲ့ brainstorming assistant မျိုးတွေပေါ့။

ကိုယ်ဖန်တီးထားတဲ့ Gemini AI Chart တွေကို တခြားသူတွေနဲ့ Share လို့ရပြီ

အခုဆိုရင် ကိုယ်ဖန်တီးထားတဲ့ Gem တွေကို Google Drive က File တွေ Share သလိုမျိုး လွယ်လွယ်ကူကူပဲ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို share နိုင်တော့မှာပါ။ ဒါကြောင့် အဖွဲ့လိုက် project တွေလုပ်တဲ့အခါ၊ ဒါမှမဟုတ် ခရီးသွားဖို့ plan ဆွဲတဲ့အခါမျိုးမှာ လူတိုင်းက AI တစ်ခုကို သီးသန့်စီဆောက်နေစရာမလိုဘဲ၊ တစ်ယောက်ဆောက်ထားတဲ့ Gem ကိုပဲ အားလုံးဝိုင်းသုံးလိုက်လို့ ရသွားမှာ ဖြစ်ပါတယ်။ Google Drive လိုပဲ ဘယ်သူကကြည့်လို့ရမလဲ၊ ဘယ်သူက ပြင်လို့ရမလဲဆိုတာကိုလည်း ကိုယ်တိုင် permission သတ်မှတ်နိုင်ပါသေးတယ်။

ဒါက OpenAI ရဲ့ GPTs တွေလိုပဲ user တွေက ကိုယ်ပိုင် AI chatbot လေးတွေဖန်တီးပြီး အချင်းချင်း Share တဲ့ ecosystem တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ဒီလို share လို့ရသွားတဲ့အတွက် Gemini ကို သုံးတဲ့သူတွေ ပိုများလာပြီး Google ရဲ့ AI လောကမှာ နေရာပိုရလာအောင် လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။

Exit mobile version