အာရှတောင်ပိုင်းကို ခြေဆန့်တော့မည့် တရုတ်ကုမ္ပဏီ Foxconn

Apple Product တွေကို ထုတ်လုပ်ပေးနေတဲ့ Foxconn ကုမ္ပဏီဟာ ဒီနှစ်အတွင်းမှာ အိန္ဒိယနိုင်ငံနဲ့ တွဲပြီးအလုပ်လုပ်မလို့ စီစဥ်နေတာဖြစ်ပါတယ်။ ကုမ္ပဏီကတော့ Chips တွေ နဲ့ လျှပ်စစ်ကားတွေကို အိန္ဒိယမှာ ထုပ်လုပ်ချင်လို့ အမှုဆောင်အရာရှိချုပ်အကြီးအကဲက အိန္ဒိယကို သွားရောက်ဖို့ရှိတယ်လို့ ပြောထားပါတယ်။

Foxconn ဟာ ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော်လည်း ပြီးခဲ့တဲ့နှစ်က တရုတ်မှာ အကြီးအကျယ်ထောက်ပံ့မှုပြတ်တောက်တဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရပြီးနောက် အာရှတောင်ပိုင်းကို လုပ်ငန်းများ ချဲ့ထွင်ရန် အိန္ဒိယကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ဥက္ကဌနှင့် CEO Young Liu က “အိန္ဒိယဟာ လူဦးရေပေါများတဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ ဒီအပတ်ထဲ သွားမယ့်ခရီးစဥ်ဟာ semiconductor နဲ့ လျှပ်စစ်ကားတွေ ထုပ်လုပ်ဖို့အတွက် ပါတနာအသစ်ကို ရှာဖွေမှာဖြစ်လို့ Foxcoon အတွက် အထောက်အပံ့တစ်ခု ဖြစ်စေမယ်” လို့ ပြောခဲ့ပါတယ်။

Foxconn
Foxconn Company (from google)

လက်ရှိမှာ Foxconn ဟာ အိန္ဒိယနိုင်ငံရဲ့ Andhra Pradesh နှင့် Tamil Nadu ပြည်နယ်တို့မှာ စက်ရုံတွေတည်ရှိနေပြီး အိန္ဒိယတောင်ပိုင်း Karnataka ပြည်နယ်တွင် ဧက ၃၀၀ ကျယ်တဲ့ မြေကွက်မှာ စက်ရုံအသစ် ထပ်မံတည်ဆောင်ဖို့ ဆောင်ရွက်နေပြီး အဲဒီစက်ရုံမှာ လုပ်သားပေါင်း ၁ သိန်းနဲ့ ၁၀ နှစ်ကျော်ကြာအောင် အလုပ်လုပ်သွားဖို့ရှိတယ်လို့ CEO ရဲ့ ပြောပြမှုအရ သိရပါတယ်။

Foxconn ကတော့ အိန္ဒိယမှာ Chips တွေနဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်မယ်လို့ ပြောခဲ့ပေမယ့် Foxconn ဟာ Apple ရဲ့ iphone တွေကို ထုတ်လုပ်ပေးနေတဲ့ အကြီးဆုံး ကုမ္ပဏီတစ်ခုလဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ Apple ရဲ့ Products တွေကိုလည်း လာမယ့်နှစ်တွေမှာ တရုတ်မှာထုတ်လုပ်မည့်အစား အိန္ဒိယမှာပြောင်းပြီး ထုတ်လုပ်လာမလားဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version