Forbes က ပြောပြတဲ့ အလုပ်အသစ်တစ်ခုကို ဘယ်လိုရှာရမလဲ

အလုပ်အသစ်တစ်ခုရှာရတာက ခက်ခဲပြီးအချိန်အတိုင်းအတာအားဖြင့် လပိုင်းနှင့်ကြာမြင့်တက်ပါတယ်။ အလုပ်မရခင်အထိ အလုပ်ရှာတာက ဒုတိယအလုပ်ပါပဲ။ လူအများစုက အလုပ်အကိုင်အကြောင်းမေးတဲ့အခါ အလုပ်ဘယ်လိုကောင်းကြောင်းပဲ ပြောပြတက်ပါတယ်။ အလုပ်အသစ်တစ်ခုရဖို့ ကြာမြင့်ချိန်နှင့် ခက်ခဲချိန်ကို မပြောပြတက်ပါဘူး။ တစ်လအတွင်း အင်တာဗျူးပေါင်းဆယ်နှင့်ချီဖြေရတာတွေ၊ ငြင်းပယ်ခံရတာတွေကို ဘယ်သူမှမပြောပြတက်ပါဘူး။ သင်က အလုပ်ရှာနေတဲ့လူငယ် တစ်ယောက်ဆိုရင်တော့ Forbes ကပြောပြတဲ့ အလုပ်ရှာနည်းကို တစ်ဆင့်ချင်းစီ ကြည့်သွားရအောင်။

အလုပ်အသစ်ရှာဖို့ ဘယ်ကနေ စကြမလဲ

အလုပ်အသစ်ကိုမရှာခင် သင်ထွက်လာတဲ့အလုပ်မှာ ထွက်ရတဲ့ ရည်ရွယ်ချက်ခိုင်ခိုင်မာမာရှိဖို့ လိုပါတယ်။ သင့်အလုပ်အသစ်လုပ်ချင်တဲ့ ရည်ရွယ်ချက် သင့်မှာရှိနေဖို့လည်း လိုပါတယ်။ သင့်ရဲ့ တက်မြောက်ထားတဲ့ Skills နှင့် အတွေ့အကြုံတွေ Level တစ်ခုခုမှာရှိနေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သင့်လစာနှင့် မျှော်မှန်းလစာက ဘယ်လောက်လဲဆိုတာ သင့်ဆီမှာ အဖြေရှိဖို့လိုပါတယ်။ ဒီအချက်တွေပြည့်စုံသွားပြီဆိုရင်တော့ သင်လုပ်မယ့် နယ်ပယ်ထဲက အလုပ်အကိုင်တွေနှင့် အလုပ်ရှင်တွေကပေးတဲ့ လစာတွေကို လေ့လာပါ။ ဒါ့အပြင် သင်လုပ်မယ့်အလုပ်က အလုပ်ခွင်တွေထဲမှာ အခေါ်များတဲ့အလုပ်ဆိုတာကို လေ့လာပါ။ သင်လုပ်မယ့်အလုပ်က အလုပ်ရှင်တော်တော်များများ ခေါ်ကြတဲ့အလုပ်ဆိုရင်တော့ သင့်မှာလုံလောက်တဲ့ Skills & Experiences ရှိဖို့လိုပါတယ်။

Forbes က ပြောပြတဲ့ အလုပ်အသစ်တစ်ခုကို ဘယ်လိုရှာရမလဲ 1

Open Positions တွေကို ဘယ်နေရာမှာ ရှာကြမလဲ

Open Positions တွေကို အလုပ်ခေါ်ကြတဲ့ Websites တွေမှာအများဆုံးတွေ့နိုင်ပါတယ်။ ဥပမာ Linkedin, ZipRecuriter, Indeed, SimplyHired, Glassdoor နှင့်အခြားနာမည်ကြီး Websites တွေမှာ တွေ့နိုင်ပါတယ်။ နိုင်ငံအလိုက်ပေါ်မူတည်ပြီး Websites တွေလည်းကွဲပြားသွားနိုင်ပါတယ်။ အထူးသဖြင့် သင်နှင့်နယ်ပယ်တူလုပ်ကိုင်နေတဲ့ သူငယ်ချင်းတွေကို များများပေါင်းထားဖို့ လိုပါတယ်။ သူတို့ဆီက အကြံဉာဏ်ကောင်းတွေရနိုင်ပြီး သင့်ကို အတိုင်းအတာတစ်ခုအထိ လမ်းညွှန်ပေးနိုင်ပါတယ်။ Resume ရေးတဲအခါ ထည့်ရေးထားတဲ့အချက်တွေက အလုပ်ခေါ်တဲ့အခါ လိုအပ်တဲ့ Requirements တွေနဲ့ ကိုက်ညီနေဖို့ အရေးကြီးပါတယ်။ ကိုယ်လျှောက်မယ့် အလုပ် Company ကိုလည်း Google က တစ်ဆင့်လေ့လာကြည့်ပါ။

Interview ဖြေတဲ့အခါ လိုအပ်တဲ့အရာများ

Interview ဖြေတဲ့အခါ တစ်ခါတည်း ကိုယ်သိချင်တာကို ထည့်မေးပါ။ အချို့အလုပ်ရှင်တွေက အရင်က လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကြောင့် အမျက်မပြေပဲ နောက်ထပ်ခန့်မယ့် ဝန်ထမ်းကိုလည်း ဒီလိုပုံစံမျိုးလာမယ်လို့ ယူဆထားနိုင်ပါတယ်။ သင်က အရင်ဝန်ထမ်းတွေနှင့်မတူပဲ Company အတွက်မှန်ကန်တဲ့ ဝန်ထမ်းဆိုတာကို ပြသပါ။ မေးခွန်းတွေကိုမေးတဲ့အခါ တည်ငြိမ်စွာနှင့် ဖြေကြားဖို့လိုပါတယ်။ အကောင်းဆုံးက​ အလုပ်တွေနှင့်ပတ်သတ်တဲ့အခါ ChatGPT နှင့် ပြင်ဆင်သွားတာ အကောင်းဆုံးပါပဲ။ ကိုယ်သိချင်တာနှင့် ပြင်ဆင်ဖို့အတွက် ChatGPT ကို ကောင်းကောင်းအသုံးချပါ။ လစာနှင့် ခံစားခွင့်ကို သေချာမေးပါ။ သင့်ဘက်က အားနာတာမျိုးကို လုံး၀မပြသပါနှင့်။ သင့်တန်ဖိုးက သင်ပြောပြတဲ့ လစာနှင့်ခံစားခွင့်နှင့် ထိုက်တန်ကြောင်းကို အလုပ်ရှင်တွေမြင်အောင် ပြသပါ။အလုပ်ရှင်တွေက သင့်ကိုသဘောကျတဲ့အခါ သင်ပြောပြတဲ့လစာကို ပေးပြီး ခံစားခွင့်လည်း ကောင်းမှာ ဖြစ်ပါတယ်။ အလုပ်တွေလျှောက်တဲ့အခါ ငြင်းပယ်တာများခြင်းကြောင့် စိတ်ဓါတ်မကျဖို့လိုပါတယ်။ Covid ကာလမှစပြီး နိုင်ငံအနှံ့မှာ အလုပ်လက်မဲ့တွေများလာတဲ့အပြင် Companies တွေက ထုတ်ပယ်လိုက်တဲ့ ဝန်ထမ်းတွေလည်း များလာပါတယ်။ သင့်အနေနှင့် ဒီလိုအခြေအနေမျိုးကြုံနေရတာ သင့်တစ်ယောက်တည်းမဟုတ်ကြောင်း အားတင်းထားဖို့လိုပါတယ်။ သင် အရှုံးမပေးသ၍ ကောင်းတဲ့အလုပ်တစ်ခုက​ သင့်ဆီရောက်လာမှာ ကြိမ်းသေပါတယ်။

Exit mobile version