FBI က အများပြည်သူသုံး Phone Charging Station တွေကို အသုံးမပြုရန် သတိပေး

FBI က အများပြည်သူသွားလာတဲ့နေရာများရှိ ဖုန်းအားသွင်းဖို့ လုပ်ပေးထားတဲ့ နေရာတွေမှာ ဖုန်းအားသွင်းရင် သတိထားကြဖို့အတွက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အများပြည်သူသွားလာတဲ့နေရာတွေဖြစ်တဲ့ Shopping Center၊ ရထားဘူတာ နှင့် လေယာဥ်ကွင်း အစရှိတဲ့ နေရာများမှာရှိတဲ့ ဖုန်းအားသွင်းတဲ့နေရာတွေမှာ မသမာသူများဟာ malware တစ်မျိုးကိုထည့်ထားနိုင်တဲ့ အချက်အလက်တွေကို တွေ့ရှိထားကြောင်း FBI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ malware ဟာ အားသွင်းထားတဲ့ ဖုန်းရဲ့ အကောင့်တွေ၊ Username နဲ့ Password တွေကို အားသွင်းလိုက်တာနဲ့ အလွယ်တကူ ရယူလိုက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အများပြည်သူသုံး ဖုန်းအားသွင်းတဲ့ နေရာတွေမှာ ဖုန်းအားသွင်းချင်ရင် ကိုယ်ပိုင် Charging ခေါင်းတွေကိုအသုံးပြုရန်နှင့် အားသွင်းကြိုးဖြင့် တိုက်ရိုက်အားသွင်းတာမျိုး မလုပ်ကြဖို့ FBI က သတိပေးထားပါတယ်။

ADVERTISEMENT
Exit mobile version