Facebook အသုံးပြုသူများ၏ အချက်အလက်တွေကို Cambridge Analytica ဆီပေါက်ကြားစေခဲ့တဲ့ အမှုအတွက် ဒေါ်လာ ၇၂၅ သန်း Meta မှ ပေးဆောင်မည်

Meta ဟာ Facebook အသုံးပြုသူများ၏ အချက်အလက်တွေကို ဗြိတိန်နိုင်ငံရေးအကြံပေး အကျိုးဆောင်ကုမ္ပဏီ Cambridge Analytica ဆီပေါက်ကြားစေခဲ့မှုကြောင့် ဒေါ်လာ ၇၂၅သန်းကို အမေရိကန်တရားရုံးကို ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

Meta က လျော်ကြေးပေးရန်သဘောတူညီခဲ့သော်လည်း ပြစ်မှုကိုတော့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ရှေ့နေများ၏ ပြောပြချက်အရ Meta ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက ဒီအမှုအတွက် ပြင်ဆင််််််မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Meta ရဲ့ ဖြေရှင်းချက်မှာတော့ အခုလို လျော်ကြေးပေးတာဟာ ကုမ္ပဏီနဲ့ ရှယ်ယာရှင်များ အတွက် အကောင်းဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေါ်လာ ၇၂၇ သန်း ဆိုတာဟာ Metaverse ကို တည်ထောင်မလို့ သုံးထားတဲ့ ကုန်ကျစရိတ်ရဲ့ ၁၀ပုံ ၁ပုံ လောက်ပဲရှိတယ်လို့ BBC ရဲ့ နည်းပညာသတင်းရေးသူ James Ball ၏ ဖော်ပြချက်အရသိရပါတယ်။ ဒီအမှုကို ၂၀၂၃ခုနှစ် မတ်လ ၂ရက်နေ့မှာ ထပ်မံကြားနားဖို့ ရက်ချိန်းပေးထားတယ်လို့ သိရပါတယ်။

ဒီအမှုမှာတော့ British ကုမ္ပဏီတွေအပြင် အခြားသော third parties ကုမ္ပဏီတွေကို ခွင့်ပြုချက်မရှိပဲ User များ၏ Personal Data တွေ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာလည်း Donald Trump အနိုင်ရရှိရေးအတွက် အတိုင်ပင်ခံကုမ္ပဏီက Facebook မှ User တွေရဲ့ ကိုယ်ရေးအချက်အလက် အကျဉ်းကို ရယူအသုံးပြုခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း Facebook ဟာ ၎င်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ့ ပတ်သက်ပြီး Federal Trade Commission ကို ဒေါ်လာ ၅ဘီလီယံ ပေးခဲ့ရပါသေးတယ်။

Exit mobile version