Facebook က Messenger Video Calls တွင် Multiplayer Game များ ဆော့နိုင်မယ့် Feature တစ်ခုကို မိတ်ဆက်

Facebook ရဲဲ့ Messenger Video Calls တွေမှာ User များ အပြန်အလှန်ဆော့နိုင်မယ့် Multiplayer Games Feature တစ်ခုကို အသုံးပြုလို့ ရပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အဆိုပါ Feature ကို iOS, Android, and the web တွေမှာ အသုံးပြုနိုင်ပြီး လာမယ့် Messenger Update တွင် ပါဝင်လာမယ်လို့ သိရှိရပါတယ်။

Messenger Video Calls Multiplayer Games, image credit;

Video Call Gaming Feature တွင် လူကြိုက်များတဲ့ Words With Friends and Mini Golf FRVR ဂိမ်းများ အပြင် Card Wars and Exploding Kittens တို့လို ဂိမ်းအသစ်များပါ ဆော့ကစားနိုင်ပြီး စုစုပေါင်း Games 14 မျိုးပါဝင်လာမှာ ဖြစ်ပါတယ်။ ဂိမ်းတစ်ခုစီတိုင်းကို Leaderboards နဲ့ User Interfaces များဖြင့် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ သိရှိရပါတယ်။ ၎င်း Feature တွင် ဂိမ်းအများစု ကို လူနှစ်ယောက်သာ ကစားနိုင်မှာ ဖြစ်ပြီး တစ်ချို့ ဂိမ်းတွေကိုတော့ Group Call တွေမှာပါ ၂ ယောက်ထက်ပိုပြီး ကစားနိုင်မှာဖြစ်ပါတယ်။

Facebook က Messenger အတွက် Multiplayer Game များကို အရင်နှစ်တွေ ကတည်းက ထုတ်လုပ်မို့ စမ်းသပ်နေတာဖြစ်ပြီး ဒီနေ့မှာတော့ User များ အသုံးပြုမို့ အတွက်ရောက်ရှိလာပြီး ဖြစ်ပါတယ်။ နောက်ထပ် ဂိမ်း အသစ်များ ထပ်မံထည့် သွင်းမယ့် အစီအစဉ်ကို စိတ်ဝင်စားတဲ့ Developer များကိုလဲ Company ရဲ့ Partner Manager ထံဆက်သွယ်ဖို့အတွက် Facebook ကတိုက်တွန်းထားပါသေးတယ်။

Exit mobile version