Facebook ၊ Instagram ၊ WhatsApp နဲ့ Threads တို့တွင် Meta AI ကို အသုံးပြုနိုင်တော့မည်

စက်တင်ဘာလ (၂၅) ရက်နေ့တုန်းက Meta ရဲ့ CEO Mark Zuckerberg ကိုယ်တိုင် Meta AI မှာ ပါဝင်လာမယ့် Features အသစ်များနဲ့ Meta AI ကို Facebook ၊ Instagram ၊ WhatsApp နဲ့ Threads တို့မှာပါ အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Mark Zuckerberg က Meta ရဲ့ ထုတ်ကုန် Apps များကို အသုံးပြုသူဟာ တစ်ရက်ကို ၃ ဘီလီယံကျော် ရှိတာကြောင့် Meta AI ဟာ ဒီနှစ်အကုန်မှာ ကမ္ဘာ့လူသုံးအများဆုံးသော AI Assistant တစ်ခုဖြစ်လာတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Meta AI မှာ နာမည်ကြီး Celebrity များ ဖြစ်ကြတဲ့ John Cena ၊ Judi Dench နှင့် Keegan-Michael Key တို့ရဲ့ အသံများကိုပါ ထည့်သွင်းပေးလိုက်ပြီ ဖြစ်တာကြောင့် Meta AI မှာ AI ရဲ့ ကိုယ်ပိုင်အသံအပြင် Celebrity အသံ (၅) မျိုးအထိ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

Meta AI မှာ နောက်ထပ် အသစ်ပါဝင်လာမယ့် Feature ကတော့ မိမိကြိုက်နှစ်သက်တဲ့ Celebrity နဲ့ စကားပြောဆိုနိုင်မယ့် Feature ဖြစ်ပါတယ်။ Celebrity ကို AI နဲ့ ဖန်တီးထားမှာ ဖြစ်သ်ောလည်း အမှန်တကယ် အပြင်မှာ Video Call ပြောနေရသလိုမျိုး ခံစားရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီပွဲမှာ Meta AI သာမက Meta ရဲ့ AR Smart Glass ဖြစ်တဲ့ Orion ကိုပါ Zuckerberg ကိုယ်တိုင် မိတ်ဆက်ပေးခဲ့ပြီး Meta Quest ၊ Apple Vision Pro တို့နဲ့ပါ နှိုင်းယှဥ်ပြသခဲ့ကြောင်း သိရပါတယ်။

Exit mobile version