Facebook ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက Full-Screen Video Player အသစ်ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး ၎င်း Player ဟာ TikTok နဲ့ တော်တော်လေး ဆင်တူနေတာ တွေ့ရပါတယ်။

Facebook ရဲ့ မိတ်ဆက်ပေးမှုအရ Reel Video တွေကို ကြည့်တဲ့အခါမှာ ဒေါင်လိုက်အနေအထားနဲ့သာ ကြည့်နေရပေမယ့် အခုတော့ အလျားလိုက်အနေအထားနဲ့ပါ ပြောင်းလဲကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ Facebook မိတ်ဆက်ပေးခဲ့တဲ့ ပုံတွေအရ Function အပိုင်းသာမက UI Design အပိုင်းတွေကိုပါ ပြောင်းလဲထားတာ တွေ့ရပါတယ်။ ၎င်း UI ပြောင်းလဲမှုဟာ TikTok နဲ့ တော်တော်လေး တူနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
Facebook ရဲ့ Reel Video တွေကို အလျားလိုက် ကြည့်နိုင်မယ့် Function ဟာ US နဲ့ ကနေဒါရှိ အသုံးပြုသူတွေမှာ အရင်ဦးဆုံး ရရှိမှာ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက အသုံးပြုသူများကတော့ အနည်းငယ်စောင့်ရအုံးမှာဖြစ်ကြောင်း သိရပါတယ်။