Facebook ရဲ့ Two Factor Authentication တွင် Bug တစ်ခုရှိနေ

Facebook ရဲ့ Two factor authentication အသုံးပြုထားသော ဖုန်းနံပါတ်တွေကို Instagram နှင့် ချိတ်ဆက်အသုံးပြုလျှင် Bug တစ်ခု ဖြစ်ပေါ်နေတာကို သုတေသီ တစ်ယောက်မှ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

သုတေတီ Gtm Mänôz ၏ ပြောပြမှုအရ သူဟာ Facebook နှင့် ချိတ်ဆက်ပြီး Two factor authentication အသုံးပြုထားတဲ့ ဖုန်းနံပါတ်ကို Instagram တွင် ထပ်မံအသုံးပြုရန် One time pin ကို တောင်းခံပြီး အတည်ပြုပေးလိုက်တာနဲ့ Facebook ရှိ 2 factor authentication ကို ဖယ်ရှားလိုက်ပြီးနောက် ဖုန်းနံပါတ်ကိုလည်း အကောင့်မှ ဖယ်ရှားလိုက်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Meta ကလည်း ထိုပြဿနာကို ပြန်လည်း ပြုပြင်ပေးခဲ့ပြီး bug ရှာဖွေပေးခဲ့တဲ့ သုတေတီ Gtm Mänôz အား ဆုကြေးငွေ ဒေါ်လာ ၂၇၀၀၀ ဆုချခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် facebook အသုံးပြုသူများအနေနဲ့ bug မရှိရလေအောင် နောက်ဆုံး version ကို အခုပဲ update လုပ်လိုက်ကြဖို့ အကြံပြုပါရစေ။

Exit mobile version